အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,031
လွန်ခဲ့သော ၁ နှစ် က · ရေစကြို

မိုးစပါးအတွက် လယ်ထဲ စပါးခွံရယ် စပါးခွံပြာရယ် မတ်ပဲကြိတ်ထားတဲ့နွားစာအမှော်ရယ် ကုလားပဲအမှော်ရယ် မနှစ်က မိုးမိ...

မိုးစပါးအတွက် လယ်ထဲ စပါးခွံရယ် စပါးခွံပြာရယ် မတ်ပဲကြိတ်ထားတဲ့နွားစာအမှော်ရယ် ကုလားပဲအမှော်ရယ် မနှစ်က မိုးမိပြီး ပျက်စီးသွားတဲ့ မတ်ပဲခွံတွေကိုမီးရှို့ထားတဲ့ပြာ တွေထည့်ဖို့စိတ်ကူးနေတာပါ မေးချင်တာက 1.စပါးခွံက နေပူထဲမှာ ထားထားတာနှစ်နှစ်လောက်ရှိပါ အခုသုံးလို့အဆင်ပြေမလားဗျ 2.စပါးခွံပြာကတော့ အုတ်ဖုတ်တဲ့အခါအပေါ်ယံမှာတင်ထားတဲ့ဟာပါ အရောင်ကတော့မဲမနေဘဲအဖြူဘက်တော့ပါပါတယ် အချ်န်ကတော့တစ်နှစ်ကျော်ပါ့ပီ ဒီတိုင်းထားတာ 3.မတ်ပဲနဲ့ကုလားပဲခြွေထားတဲ့ဟာတွေကမိုးမိပြီး မှိုအနည်းငယ်တော့တွေ့ပါတယ်သက်တမ်းကတော့ မတ်ပဲက4ကပိုင်းကုန်နဲ့ကုလားပဲက 2လပိုင်ကုန်ကစက်ထိုးထားတာတွေပါ 4.နောက်ပြီးမနှစ်ကမတ်ပဲမှော်ကမိုးမိပြီးပိက်စီးသွားတော့မီးရှို့ထားတာပါ အထက်မှာပြောထားတဲ့အခြေအနေအရ လယ်ထဲချလို့အဆင်ပြေမလားဗျ မတ်ပဲနဲ့ကုလားပဲခွံက မှိုသန်းနေတာဆိုတော့ လယ်စိုက်ရင်ရောဂါကျမှာစိုးလို့ပါ ဖြေပေးကြပါအုံးဆရာတို့

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

ပိုစိတ်ချရအောင်,လယ်ထဲကြဲပက်ပြီးရင်၊အဲဒီအပေါ်,အီးအမ်နဲ့ ထရိုင်ကိုဒါးမား,ကိုဆေး၁ပုံး ၂၀၀စီစီနုန်းဖျန်းပါ။ပြီးရင် ထွန်မွှေပေးပါ။

348,957 လွန်ခဲ့သော ၁ နှစ် က

မတ်ပဲနှင့်ကုလားပဲမှာကျရောက်တဲ့မှိုစပိုးတွေက စပါးမှာကျရောက်နိုင်ခြေအလွန်နည်းပါတယ်ခင်ဗျ၊ အဒါကြောင့်အသုံးပြုလို့ရပါတယ်ခင်ဗျ။

You

ဆက်စပ်မေးခွန်းများ

ဆရာတိုရေ မတ်ပဲ ပင်ကို နွားသေးဖျန်းတာကောင်းတယ်လိုသိရတယ်ဆရာ အဒါ နွားသေးမရလိုဆိတ်သေးယော ဖျန်းလို ရမလား သိချင်လို...

ဖြေကြားချက် 4 ခု

ကိုယ့်ဘာသာ ကြံကြွင်းပင်ကျန်ကို EM နဲ့ ရောပြီးလုပ်ထားတဲ့ မြေဆွေးကိုပဲ သုံးပြီး ပုံမှန် သုံးနေကျ ဓာတ်မြေဩဇာတွေ မ...

ဖြေကြားချက် 1 ခု

ဟူးမစ်အစ်စစ် ဒီဆော့ဝဲထဲကနည်းအတိုင်းပြုလုပ်ထားတာပါ( မန့်မှာပြထားပါတယ်ဗျ)။ ၁၈ ရက်အကြာမှာ အိုးဖွင့်ကြည့်တော့ ပုံ...

ဖြေကြားချက် 5 ခု

မိုးစပါးပျိုးထောင်ဘို့ ပျိုးခင်းအတွက် စူပါဘိုကာရှီ လုပ်နေပါတယ်၊ ၁ဝ ရက်ကြာလျှင် အသုံးပြုလို့ရပြီမို့လား။

ဖြေကြားချက် 1 ခု

နွားသေးရွက်ဖျန်းမြေဩဇာပြုလုပ်နည်းပြောပြပေးပါ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။