စပါးနှံတွေကဒိလိုဖြစ်နေလို့ဘာဖြစ်တာလဲဖြေပေးပါဗျာ
နှံစုပ်ပိုး ရှာကြည့်ပါ. ပိုးမရှိပဲ၊မိုးရွာပြီးမှ ဖြစ်လာတယ်၊တဖြည်းဖြည်းများလာတယ်..ဆိုရင်၊ကော့ပါးဟိုက်ဒေါက်ဆိုဒ်+ဘစ်စမာသိုင်ယာဇိုး ၅ဇွန်းစီထည့်ဖျန်းလိုက်ပါ။
စပါးနှံစုပ်ဂျပိုးကျရောက်သောလက္ခဏာဖြစ်နိုင်ပါတယ် သေချာအောင်ဖျက်ပိုးကိုရှာကြည့်ပေးပါ။ ၁။ ပေါင်းမြက်များကို ရှင်းလင်းပါ။ ၂။ မနက်ခင်း၊ ညနေပိုင်းတွင်လှုပ်ရှားမှုများပြီး နေရောင် တောက်ပချိန်တွင်နားနေလေ့ရှိပါသည်။ မီးရောင်ထောင်ခြောက်ဖြင့်တုန့်ပြန်မှုမရှိပါ။ ၃။ နှံစုပ်ပိုးသည် ညနေ နေဝင်ခါနီးအချိန် မှ နံနက်စောစော ထိ အပင်ပေါ်တွင်စုတ်စားပြီး နေထွက် လာသည်နှင့် အပင် အောက်ကိုဆင်းသွားသဖြင့် ညနေ နေအေးချိန်တွင် ဆေး ဖျန်းခြင်းက ပို၍ ထိရောက်သည်။ ၄။ အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ အိတ်ပါအညွှန်းစာ အတိုင်း ပက်ဖျန်းပါ။ ကာတက်ဒ်ဟိုက်ဒရိုကလိုရိုဒ် (Cartap hydrochloride) ဒိုင်မီသိုအိတ် ( Dimethoate ) တစ်မျိုးမျိုးပက်ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
ဆရာရေ နှံစုပ်တွက်ဖျန်းချင်လို့ပါ ခုဆေးတစ်မျိုးထဲဖျန်းးလိူ့ရလား ဆေးထဲမှာပါတဲ့အဘာမက်တင်ဆိုတာ ဘာအတွက်ကောင်းလဲဗျ...
ဖြေကြားချက် 1 ခု
စပါး နှံစုတ်ပိုးကြိုတင်ကာကွယ်သင့်လား ပိုးတွေ့မှဆေဖြန်းသင့်လား
ဖြေကြားချက် 3 ခု
ဒို့ဦးလေးခင်ဗျ ဒါဘာပိုးးလဲဗျ စပါးခင်းထဲ အရမ်းများလို့ မိတ်ဆွေပိုးလား ဖျက်ပိုးလား ဗျ
ဖြေကြားချက် 7 ခု
စပါးခင်းမှာကျတဲ့ နှံစုပ်ပိုးကိုဘယ်ဆေးဝါးနဲ့ နှိမ်နင်းရမလဲသိချင်လို့ပါဗျ ခု သံဒုတ် ၁၀အီးစီ ဆိုတဲ့ဆေးနဲ့ဖျန်တာ...
ဖြေကြားချက် 1 ခု
ကျွန်တော့စပါးခင်းမှာအခုပို့းကြရောက်နေပါတယ် ၄လစပါးမှာ အခုအဖုန်းထွက်ခါစဖြစ်နေပြီဖြစ်လို့ အနှံအတော်များများမှာ အ...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။