အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6
လွန်ခဲ့သော ၁ နှစ် က · မြိုင်

မြေပဲ အပင် ဖြစ်နေလိုဗျ အပင်တန့်ဆေး အာမိုဂိုလ်း ဖြန်း ရင် ဘယ်နှုန်းထည့် ရမလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးထစ်ချုန်း
စိုက်ပျိုးနည်း မြေပဲ မြေပဲအပင်ကျစေရန်
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁ နှစ် က

ဂိုလ်း(Mepiquat chloride)ကိုပြောတာထင်ပါတယ်။ဘူး/ပုလင်းပေါ်က အညွှန်းအတိုင်း ဖျန်းပါ။ဖော်မြူလာတွေ/ai%ေတွက တခုနဲ့တခုမတူပါဘူး

348,301 လွန်ခဲ့သော ၁ နှစ် က

မြေပဲခင်းပန်းပွင့်မည့်အသက်အရွယ်ဆိုတာက ပန်းပွင့်ချိန်အသက်အရွယ်ရောက်နေသော်လည်း ပန်းမပွင့်ဘဲရှိနေချိန်ကိုဆိုလိုပါသည်။အသက်ရက်၆၀-၆၅ရက်လောက်နေမှအသုံးပြုသင့်သည်။

348,301 လွန်ခဲ့သော ၁ နှစ် က

ရေ၄ဂါလံဝင် ဆေးဖျန်းတစ်ပုံးကို ၃၀-၅၀ စီစီ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အာမိုဂိုးမှာပါဝင်သော Mepiquat chloride သည် မြေပဲခင်းပန်းပွင့်မည့်အသက်ရွယ်ရောက်ချိန် သို့မဟုတ် မြေပဲခင်းတစ်ဝက်လောက်ပန်းပွင့်ချိန်တွင် အသုံးပြုပေးနိုင်ပါက ပိုမိုထိရောက်သည်။ စိုက်ခင်းအစိုဓာတ်ရှိရန်လိုအပ်သည်။

116 လွန်ခဲ့သော ၁ နှစ် က

အပင်တန့်ဆေး အနဲလို ကျောက်မှုန့် ဘက်စုံလုပ်ပေးသင့်တယ်လို့မြင်ပါတယ် အရွက်အနေအထားအရcell elongation များနေပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။