အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ပန်းတောင်း

ဆရာများခင်ဗျာ အရင်က ကြက်တွေအစာစားတာပုံမှန်ပါပဲခင်ဗျာ လွန်ခဲ့တဲ့ လေးရက်လောက်မှထမင်းပြောင်းကျွေးမိတာ တချို့မွေး...

ဆရာများခင်ဗျာ အရင်က ကြက်တွေအစာစားတာပုံမှန်ပါပဲခင်ဗျာ လွန်ခဲ့တဲ့ လေးရက်လောက်မှထမင်းပြောင်းကျွေးမိတာ တချို့မွေးမြူရေးသမားတွေကထမင်းကျွေးရင်အလေးချိန်လျော့တယ်ဆိုလို့ ခုဆန်ရယ် cpစာရယ် ပွိုင့်ရယ်ရောပြီးပြောင်းကျွေးတာအစာမကောက်တော့လို့ပါ နှစ်ရက်လောက်နဲ့ အလေးချိန်လဲ ေလျာ့သွားပါတယ် ဘယ်လိုအလေးချိန်တက်အောင်ပြန်ကျွေးရမလဲခင်ဗျ ဒေသကြက် ကို cpစာ ကျွေးပြီးမွေးမြူတာခင်ဗျာ

Post image

ဖြေကြားချက် ၃ ခု

453 လွန်ခဲ့သော ၁ နှစ် က

ထမင်းတလှည့်အစာနိုင်အောင်ထည့်ကျွေးတာ ပြသနာမရှိပါဘူး ဒါပေမဲ့ လိုအပ်တဲ့အသားဓာတ်ပါတဲ့အစာဖြစ်ဖို့လဲလိုအပ်ပါတယ် နေ့စဥ်ကျွေးတဲ့အစာထဲမှာ အသားဓာတ် ၁၅ရာခိုင်နှုန်းလောက်ပါအောင် ရောစပ်ကျွေးသင့်ပါတယ် ပြောင်း စကွဲ ဖွဲ့နုကြည့်မဟုတ်ပဲ ငါးခြောက်မှုန့် ပဇွန်မှုန့် ငါးမှုန့် ပဲဖတ် နှမ်းဖတ် ဒါတေကို အချိုးကျစပ်ကျွေးရင် cp စာလိုပဲ အသားတက်ပါတယ်

453 လွန်ခဲ့သော ၁ နှစ် က

အပြင်ခနလွှတ်တာ အစာစိမ်းနဲ့ရောကျွေးတာမျိုးလုပ်ကြည့်ပါ cp စာကိုရေရှည်ကျွေးရင် ဝယ်ဒိုင်တေကအသားပွတယ် အမွှေးကြမ်းတယ်ဆိုပြီးစျေးလျော့တက်တယ် အလေးချိန်ကတော့ cp စာအမြဲကျွေးထားလို့တက်နေချိန် အစာမစားတော့တာကြောင့်ဖြစ်နိုင်တယ် ကြီးကောင်ဝင်ချိန်ဆိုလဲ ပုံမှန်အလေးချိန်ထပ်လျော့သွားတာလဲရှိပါတယ် အပြင်ဘက်ခနလွှတ်ကြောင်းတာဒါမှမဟုတ် အစာစိမ်းအရွက်စိမ်းကျွေးတာလုပ်ကြည့်ပါ အစာပြန်စားလာပါလိမ့်မယ် ဒေသကြက်ဆိုတာတော့ cp ကြက်မဟုတ်တဲ့အတွက် အလေးချိန်ကတော့ ပုံမှန်ပြောမရပါဘူး

348,948 လွန်ခဲ့သော ၁ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။