ဒေသကြက်အတွက် ကြက်အစာစပ်နည်း

16/09/2021 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဒေသကြက် ကြက်အစာစပ်ရာတွင် -

၁။ သဘာဝအစာများ

၂။ အစာစိမ်း

၃။ ကြက်ကလေး ကျွေးနိုင်သောစပ်စာ 

၄။ ကြက်ကြီး ကျွေးနိုင်သောစပ်စာ  

၅။ ကြက်ကလေး နှင့် ကြက်ကြီး အထိ ကျွေးနိုင်သောစပ်စာ ဟူ၍ ရှိကြပါသည်။ 

သဘာဝအစာများ (အချို့)

ဒေသကြက် အတွက် သဘာဝအစာများ မှာ

ဆန်ကွဲ၊ ပြောင်း၊ ဖွဲနု၊ ပွိုင့်၊ ပဲဖတ်၊ နှမ်းဖတ်၊ ငါးခြောက်မှုန့်၊ ပုစွန်ဖွဲ၊ ခရုခွံ နှင့်  ဗီတာမင် ဖြည့်စွက်စာများအား သင့်တော်သလို အချိုးကျ ကျွေးမွေးသင့်ပါသည်။ 

အစာစိမ်း(အချို့)

အစာစိမ်းအတွက်  ရေမှော်၊ ကန်စွန်းရွက်၊ ဗေဒါ၊ ငှက်ပျောပင်၊ ပင်စိမ်း၊ ဘောစကိုင်းရွက် တို့ကိုပါ ကျွေးမွေးသင့်ပါသည်။ 

ကြက်ကလေး ကျွေးနိုင်သောစပ်စာ 

ဆန်ကွဲ- ၃၅%

ပြောင်း -၂၀%

ပဲဖတ် နှင့်

နှမ်းဖတ် -၂၀%

ဖွဲနု နှင့် 

ဂျုံ ဖွဲ - ၁၅%

နေကြာ/ အုန်း - ၅%

ငါးမှုန့် - ၅%

ကြက်ကြီး ကျွေးနိုင်သောစပ်စာ 

ဆန်ကွဲ- ၂၀ %

ပြောင်း -၃၅ %

ပဲဖတ် နှင့် 

နှမ်းဖတ် -၂၀%

ဖွဲနု နှင့် 

ဂျုံ မှုန့် -၁၅ %

နေကြာ/ အုန်း- ၅ %

ငါးမှုန့် သို့

ပုစွန်ဖွဲ-၅ %

ကြက်ကလေးမှ ကြက်ကြီး အထိ ကျွေးနိုင်သောစပ်စာ

ဆန်ကွဲ-၃၀%

ပွိုင့် -၂၀%

ပြောင်း -၂၀%

ပဲဖတ်၊ နှမ်းဖတ် -၂၀%

ငါးခြောက်မှုန့် သို့ ပုစွန်ဖွဲ- ၁၀%

ဒေသကြက် အစာနှုန်း

၁ ရက်-၇ ရက် =၃ ဂရမ်

၈ ရက်-၁၄ရက် =၉ ဂရမ်

၁၅ရက်-၂၁ရက် =၁၅ ဂရမ် 

၂၂ရက်-၂၈ရက် =၂၀ ဂရမ်

၂၉ရက်-၃၅ရက် =၂၇ ဂရမ်

၃၆ရက်-၄၂ရက် =၃၄ ဂရမ်

၄၃ရက်-၄၉ရက် =၄၂ ဂရမ်

၅၀ရက်-၅၆ရက် =၅၀ ဂရမ်

၅၇ရက်-၆၃ရက် =၅၈ ဂရမ်

၆၄ရက်-၇၀ရက် =၆၆ ဂရမ်

၇၁ရက်-၇၇ရက် =၇၄ ဂရမ်

၇၈ရက်- ၈၄ရက် =၈၃ ဂရမ်

၈၅ရက်-၉၁ရက် =၉၀ ဂရမ် တို့ဖြစ်ကြသည်။

၁၀၀၀ ဂရမ် = ၁ကီလို

၁ ကီလို = ၆၂ ကျပ်သား

ကိုးကား- အေဘယ် ဒေသကြက် မွေးမြူရေး ခြံ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်