အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,050
လွန်ခဲ့သော ၁ နှစ် က · မုဒုံ

ငါးပြေမ နွေပိုင်းမွေးရင် မွေးလိုအဆင်ပြေကြလာ ရောဂါကျပီး အသေပျောက်များလာ သိချင်လိုပါ သိတဲ့ ဆရာများကူညီပီးဖြေပေး...

ငါးပြေမ နွေပိုင်းမွေးရင် မွေးလိုအဆင်ပြေကြလာ ရောဂါကျပီး အသေပျောက်များလာ သိချင်လိုပါ သိတဲ့ ဆရာများကူညီပီးဖြေပေးကြပါ အားလုံးကိုလေစားလျက်

မွေးမြူနည်း ငါးမွေးမြူနည်း

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်
735 လွန်ခဲ့သော ၉ လ က

ငါးပြေမကိုနွေပိုင်းမှာမွေးမြူလို့ရပါတယ်၊ ဒါပေမဲ့စီမံခန့်ခွဲမှုမမှန်ရင်ရောဂါကျပြီးအသေအပျောက်များနိုင်ပါတယ်။ (က) အကျိုးရှိအချက်များ - ၁။ ငါးပြေမသည် အပူခံနိုင်တဲ့ငါးမျိုးဖြစ်လို့နွေရာသီကိုခံနိုင်ပါတယ်။ ၂။ လေရှုနိုင်တဲ့ Labyrinth organ ရှိလို့ပျော်ဝင်အောက်ဆီဂျင်နည်းတဲ့ရေထဲမှာတောင်အသက်ရှင်နိုင်ပါတယ်။ (ခ) အခက်အခဲများ ၁။ ရေအပူချိန် ၃၂ - ၃၆°C ကျော်လာရင် Stress ဖြစ်လာနိုင်တယ်။ ၂။ ရေညစ်ညမ်းမှုဖြစ်၊ အောက်ဆီဂျင်နည်း၊ အစာကျွေးတာမမှန်ရင်ရောဂါဖြစ်လွယ်တယ်။ ၃။ အထူးသဖြင့်ငါးဖျန်းအရွယ်တွေအသေအပျောက်များနိုင်တယ်။ (ဂ) သတိပြုရမဲ့အချက်များ ၁။ ကန်ရေအပူချိန် ၂၈ - ၃၂°C အတွင်းရှိအောင်ထိန်းထားရန်။ ၂။ ကန်ရေအနက်ကို အမြဲ ၄ - ၅ ပေရှိနေစေရန်ထားပေးရန်။ ၃။တတ်နိုင်ပါကရေလဲပေးရန် (၂၀ - ၃၀%) လိုအပ်ခဲ့လျှင် ၄။ ရေအနက် ၄ ပေအေါက်ရောက်ခဲ့လျှင် ကန်ရေပြင်ဧရိယာရဲ့ ၅ - ၁၀ %လောက်အရိပ်ရရေပေါ်ပင်တွေ(ဥပမာ - ဗေဒါပင်) ကိုဘောင်ခတ်ပြီးထားပေးရန်။

You

ဆက်စပ်မေးခွန်းများ

တာလပတ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ငါးပြေမ ငါးခူမွေးပုံမွေးနည်းအဆင့်ဆင့်ကို သိချင်လို့ပါဗျ

ဖြေကြားချက် 1 ခု

ငါးကန် ၄_၅ ဧက ငှားပြီး အလုပ်လုပ်ကြည့်ချင်ပါတယ် ။ ဘယ်ငါးတွေ မွေးရင် အခုစျေးကွက်၀င်ပြီး အရှုံးနည်းပါသလဲ ခင်ဗျ ။...

ဖြေကြားချက် 1 ခု

ငရှဥ့် မွေးမြူရေးက်ို စိတ်ဝင်စားလို မြေကန် နဲ့ အုပ်ကန် ဘယ်ကန်နဲ့မွေးလိုအဆင်ပြေလည် လက်ရှိမွေးမြူတဲ့သူတွေရှိရင်...

ဖြေကြားချက် 3 ခု

ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိ...

ဖြေကြားချက် 0 ခု

ငါးကိုရော ဖိုက်ဘာတိုင်ကီနဲ့မွေးလို့ရလားဗျ ငါးပြေမ မွေးချင်လို့ပါဖိုက်ဘာတိုင်ကီက ရှိထားလို့ပါ အရင်က ရေကန်လုပ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။