အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
283
လွန်ခဲ့သော ၁ နှစ် က · ဝမ်းတွင်း

ဧရာမင်းစပါးခင်းတွေမှာဘယ်လိုမြေသြဇာဦးစားပေးသုံးသင့်လည်းဗျ

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေခံမှာ တီစူပါခေါ် ဖော့စဖိတ်ပါဝင်သောDAPမြေဩဇာနှင့်ပိုတက်ဆီယမ်ပါဝင်သောKCLပါဝင်သောမြေဩဇာကို ထည့်ပေးရပါမယ်။ဖော့စဖိတ်ပါဝင်သောDAPမြေဩဇာမြေခံမှာမထည့်ရင် အပင်ပွားနည်းမယ်၊စပါးအထွက်နှုန်းနည်းပါမယ် စပါးမျိုးစေ့ချပြီးနောက် စပါးစေ့သည် အစေ့တွင်းစာ၁၄ရက်ပဲရှိတာကြောင့် ၁၄ရက်နောက်ပိုင်းကတည်းက အပင်အရွက်အရောင်ကို ကြည့်၍ ပုလဲမြေဩဇာထည့်သွင်းပေးရပါမည်။ စပါးမှို့ကပ်ချိန်မှာစပါးအနှံစေ့လောင်းများ ရှင်သန်ကြီးထွားရန်နှင့် စပါးအစေ့အလေးချိန်စီးရန် ပိုတက်ရှ်မြေဩဇာကျွေးပေးရပါမည် စပါးဖုံးလုံးချိန်မှာ အနှံ စေ့လောင်းများအစာချက်အား ကောင်းပြီး အစေ့အဆန်အောင်မြန်ရန်ပုလဲကျွးပေးရပါမည်။ နှုန်းထားအနည်းအများနှင့် ကွန်ပေါင်းမြေဩဇာများဖြင့်လည်း မိမိဘာသာ ချင့်ချိန်သုံးစွဲနိုင်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးသက်တမ်း ၁၆၅ရက် ခွံဝါတောင်ပျံမျိုးစိုက်ထားပါတယ်၊ ခုပျိုးသက်အပါဝင် ၆ဝ ရက်သားရှိပါပြီ၊ ခုအချိန်မှ တီစူပါ...

ဖြေကြားချက် 2 ခု

ဆရာကြီးတို့ရေ ကျတော့် ဗီယက်နမ်စပါးမျိုး အသက် ၄၈သား ဖစ်နေပါပီ မြေသြဇာ ကျွေးချင်လိူ့ပါ ၁၅း၇း၈နဲ့၃၃း၁၂S ရောပီး...

ဖြေကြားချက် 2 ခု

စပါးပင်က35ရက်သားရှိပြီးမှုန်းလို့လဲပြီးpမြေသြဇာကျွေးချင်လို့ဘယ်လိုမြေသြဇာကျွေးသင့်လဲသိချင်ပါတယ်

ဖြေကြားချက် 2 ခု

တောင်သူဦးကြီးများနှင့် စိုက်ပျိူးရေးပညာရှင်များခမျာ ကွန်ပေါင်းဓာတ်မြေသြဇာများအား စပါးပင်များကို ဘယ်ချိန်တွေ...

ဖြေကြားချက် 1 ခု

ပေါ်ဆန်းစပါးသက် ၇၉ ရက်သားရပါပီ အခင်းက ရေလမ်းကြောင်းဖစ်နေတော့ ၁၅ပတ်လည် မြေဆီကျွေးချင်တာ ရမလား?ဗျ မိုးကကောင်းနေ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။