အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
603
လွန်ခဲ့သော ၁ နှစ် က · ဝက်လက်

ပေါ်ဆန်းစပါးသက် ၇၉ ရက်သားရပါပီ အခင်းက ရေလမ်းကြောင်းဖစ်နေတော့ ၁၅ပတ်လည် မြေဆီကျွေးချင်တာ ရမလား?ဗျ မိုးကကောင်းနေ...

ပေါ်ဆန်းစပါးသက် ၇၉ ရက်သားရပါပီ အခင်းက ရေလမ်းကြောင်းဖစ်နေတော့ ၁၅ပတ်လည် မြေဆီကျွေးချင်တာ ရမလား?ဗျ မိုးကကောင်းနေတော့ ရေက မကျသွားဘူးဗျ အခင်းက မြေဆီတောင်းနေလှပီမို့ပါ ရေကျချိန်စောင့်လိုက် မိုးရွာသွားလိုက်မို့ မြေဆီကျွေးရင် ရေလမ်းကြောင်းမာ မြေဆ‌ီ ဆုံးရှုံးနိုင်လား? သိချင်ပါတယ်ဗျ

စိုက်ပျိုးနည်း စပါး စပါးမြေသြဇာကျွေးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁ နှစ် က

ကျွေးချိန်ကျရင်တော့ ကျွေးသင့်ပါတယ်။ရေလမ်းဆိုရင်တော့ ဆုံးရှုံးမှု များမှာတော့အသေချာပါပဲ။ slow release action တဖြည်းတဖြည်းချင်း ပျော်ဝင်စေတဲ့ကွန်ပေါင်း မျိုး ထည့်သင့်ပါတယ်။

349,542 လွန်ခဲ့သော ၁ နှစ် က

လယ်ထဲရှိရေများကကန်သင်းကျိုးသည်အထိ ‌အခြားလယ်ထဲထိလျှံကျရင်တော့ ဆုံးရှုံးနိုင်ပါတယ်၊ ရေများရုံနဲ့တော့ မဆုံးရှုံးနိုင်ပါဘူးဗျ၊အပင်ကလည်းလိုအပ်နေပြီဆိုတော့ ရေကို ဖြစ်နိုင်အောင်ထိန်းပြီး ရေထွက်ပေါက်ပိတ်နိုင်ရင်ပိတ်၊ မပိတ်နိုင်ရင်လည်းမြေဆီစေ့‌ မျောပါမသွား အောင် ရေထွက်ပေါက်ပါးပါးလေးချပြီးစပါးအထွက်မထိခိုက်အောင်ကျွေးသင့်နေပါပြီ

You

ဆက်စပ်မေးခွန်းများ

တောင်သူဦးကြီးများနှင့် စိုက်ပျိူးရေးပညာရှင်များခမျာ ကွန်ပေါင်းဓာတ်မြေသြဇာများအား စပါးပင်များကို ဘယ်ချိန်တွေ...

ဖြေကြားချက် 1 ခု

ဧရာမင်းစပါးခင်းတွေမှာဘယ်လိုမြေသြဇာဦးစားပေးသုံးသင့်လည်းဗျ

ဖြေကြားချက် 1 ခု

စပါးသက်တမ်း ၁၆၅ရက် ခွံဝါတောင်ပျံမျိုးစိုက်ထားပါတယ်၊ ခုပျိုးသက်အပါဝင် ၆ဝ ရက်သားရှိပါပြီ၊ ခုအချိန်မှ တီစူပါ...

ဖြေကြားချက် 2 ခု

ရွှေဘိုပေါ်ဆန်း စပါး ပါ။ စပါးအပင်ဖုံးလုံးမှို့ကပ်ချိန် နောက်ဆုံးအကြိမ် မြေဆီကျွေးရင် 15:15:15 တစ်ချိုးနဲ့ ပို...

ဖြေကြားချက် 2 ခု

စပါးခင်းပေါင်းသတ်ဆေးဖြန်းထားတာဘယ်နှစ်ရက်လောက်နေမှ မြေသြဇာကျွေးသင့်လဲသိချင်ပါတယ်

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။