ကျွန်တော်၏ ဖြေဆိုမှုပေါင်း ၁၀၀၀ပြည့်သွားခဲ့ပါပြီ၊ဖြေဆိုမှုတွေမလုပ်ခင်ကတည်းက တောင်သူတိုင်းအတွက်စိုက်ပျိုးရေးဗဟု...
ကျွန်တော်၏ ဖြေဆိုမှုပေါင်း ၁၀၀၀ပြည့်သွားခဲ့ပါပြီ၊ဖြေဆိုမှုတွေမလုပ်ခင်ကတည်းက တောင်သူတိုင်းအတွက်စိုက်ပျိုးရေးဗဟုသုတ ပေးနိုင်ရန်လေ့လာနေခဲ့သလို အခုချိန်ထိလည်းလေ့လာနေဆဲပါ၊ နောင်လည်းဆက်လက်လေ့လာသင်ယူသွားဦးမှာပါ၊ ဒီလောက်လေ့လာသင်ယူနေသမျှအခုချိန်ထိမပြည့်နိုင်သေးပါ၊ ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်လိုပဲ စိုက်ပျိုးရေးဆိုတာ အနားသတ်မရှိတဲ့ကောင်းကင်လိုပဲ ကျယ်ပြန့်တယ်ဆိုတာ လက်ခံပါတယ်ဗျာ၊တောင်သူနှင့်စိုက်ပျိုးရေးဝန်ထမ်းတွေလည်း စာတွေ့၊လက်တွေ့အမြဲတမ်းလေ့လာနေဖို့တိုက်တွန်းပါတယ်ဗျ