အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,746
လွန်ခဲ့သော ၁၁ လ က · မင်းလှ

copperoxicloride ဖြန်းပီးတာ3ရက်ကျော်ပါပီ ဒါမျိုးလေးတွေတွေ့နေရသေးလို့ ဘယ်လိုလုပ်ရမလဲဗျ မိုးလဲများထားတော့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၆ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
မြူဆိုင်း၍ နေသာ တိမ်အသင့်အတင့်ဖြစ်ထွန်း
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

349,542 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

ဆေးမဖျန်းခင်ကရောဂါမကျရောက်သေးတဲ့အရွက်တွေပါ ကူးစက်ပျံ့နှံ့နေတာမျိုးလားဗျ၊ အဒါဆိုရင် နောက်တစ်ကြိမ် ဆေးထပ်ဖျန်းရန်လိုအပ်ပါမယ်ခင်ဗျ၊Copper Oxychloride , Bismerthiazol, Oxilinic acid တစ်မျိုးမျိုးထပ်ဖျန်းပေးသင့်ပါတယ်။ ဆေးဖျန်းလည်းရောဂါကျအရွက်တွေကတော့ ပျောက်ကင်းသွားမှာမဟုတ်ပါဘူးဗျ၊ ဖြစ်နိုင်ရင် ရောဂါကျအရွက်တွေကို ခူးယူပြီးစိုက်ခင်းအဝေးသို့ ဖျက်စီး‌ပေးပါဗျ၊ ဆေးဖျန်းပြီး ရောဂါများဆက်လက်ပြန့်ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါဗျ

349,542 လွန်ခဲ့သော ၁၁ လ က

ဆေး၂မျိုးကတော့ ရောစပ်ပက်ဖျန်းလို့ရပါတယ်ဗျ။ ရောဂါပြန့်ပွားမှုများပြီး ရောဂါအခြေအနေဆိုးနေရင်တော့ တွဲမဖျန်းသင့်ပါ။အားဆေးက ရောဂါအားပေးသလိုဖြစ်မှာစိုးရိမ်လို့ပါ၊ရောဂါလက္ခဏာဆက်လက်ပြန့်ပွားခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးပါဗျ၊ ရောဂါတန့်သွားပြီဆိုရင်တော့ Bismerthiazol မထည့်ဘဲ Amino acid တစ်မျိုးတည်းဖျန်းပေးလည်းရပါတယ်၊တွဲဖျန်းချင်လည်းရပါတယ်

1,746 လွန်ခဲ့သော ၁၁ လ က

စုပ်ဖွား နဲ့ Bismarthiazol ရောဖြန်းလို့ရလားဗျ

349,542 လွန်ခဲ့သော ၁၁ လ က

ကျွန်တော်ကတော့ အမိုင်နိုအက်စစ်ပါအားဆေးနှင့် မန်ကိုဇက်မှိုသတ်ဆေးကို ရောမဖျန်းခိုင်းပါဘူးဗျ၊မှိုသတ်ဆေး၏အာနိသင်ကိုလျော့ကျစေတတ်လို့ပါ၊ ဖျန်းပက်ချင်ပါက မိမိသဘောဖြင့်ဖျန်းပက်နိုင်ပါတယ်ဗျ၊ Copper oxychloride ဖျန်းပြီး၇ရက်ခြားပြီးလျှင် ဖျန်းပက်လို့ရပါတယ်ဗျ၊ ကျွန်တော်ကတော့ ရောဂါ လက္ခဏာပြန့်ပွားခြင်းရှိမရှိအမြဲစောင့်ကြည့်ပါဗျ

1,746 လွန်ခဲ့သော ၁၁ လ က

စုပ်ဖွား နဲ့ မန်ကိုဇက် တကြိမ်လောက်ရောဖြန်းပီး နောက်3ရက်လောက်နေရင် copper ဆေးဖြန်းလို့ရလားဗျ

You

ဆက်စပ်မေးခွန်းများ

ပိုးရောဂါ အစုံတွေ့နေရလို့ပါ ခရမ်းချင် တစ်လသားပါ အပင်လဲသေပါတယ် အရွက်လဲထွတ်ပါတယ် မှဲပြောက်လဲတွေ့ပါတယ် ဘာဆေးသုံးရ...

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်မှာအရိုးမဲအရွက်မဲတွေဝင်နေလို့ဘာဆေးတွေနဲ့ကုလို့ရမလဲဗျ။ဒီဘက်ကမနက်ဆိူနှင်းကျပါတယ်။နောက်ပြီးဆေးနဲ့ပက်...

ဖြေကြားချက် 1 ခု

ခရမ်းချဥ်အရွက်တွေက ပုံထဲကအတိုင်း မည်းလာလို့ မပျံ့နှံ့အောင် ဖြစ်တဲ့အပင်တွေကို ထားလိုက်တယ်ဗျ ဘာရောဂါဖြစ်တာလဲဗျ...

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ ခရမ်းချဥ်လေးတေကြည့်ပေးပါအူး ပထမပုံလေးသေချာကြည့်ပေးပါအူး မှိုလားရောဂါလားဆရာ အလိုပင်အတော်များများတွေ့နေ...

ဖြေကြားချက် 9 ခု

ဘာဆေးဖြန်းသင့်လည်းဆရာ မီသိုမော့+ဆိုင်မိုဇနေး။ ကော့ပါး+ကာမိုင်စင်အလည့်ကျဖြန်းထားတယ် မက်တလယ်စီရောဖြန်းသင့်လားဆရာ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။