အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
369
လွန်ခဲ့သော ၁၀ လ က · ခင်ဦး

ကွမ်းရွက်မှာ အာ့လိုဖြူဖြူဥလေးတွေတွေ့နေလို့ ဘယ်လိုနှိမ်နှင်းရမလဲဆရာတို့။(နောက်ပိုင်းကျ အာ့ဒီဥလေးတွေက မဲသွားပြီး...

ကွမ်းရွက်မှာ အာ့လိုဖြူဖြူဥလေးတွေတွေ့နေလို့ ဘယ်လိုနှိမ်နှင်းရမလဲဆရာတို့။(နောက်ပိုင်းကျ အာ့ဒီဥလေးတွေက မဲသွားပြီး ကွမ်းရွက်မသန့်လို့)

ပိုးမွှားရောဂါ ကွမ်း ကွမ်းဖားဥမှိုရောဂါ
Post image

ဖြေကြားချက် ၄ ခု

348,301 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

ဖျက်ပိုးဥသေချာလို့လားဗျ သေချာစစ်ဆေးစေချင်ပါတယ်၊မွှားပင့်ကူနီကျရင်လည်း အဲ့လိုအဖြူရောင်အစက်အပြောက်လေးတွေတွေ့ရတတ်တာကြောင့် ဖျက်ပိုးရှိမရှိစစ်ဆေးပါ၊ မွီားပင့်ကူရှိပါက Spiromesifen , Abamectin, Pyridaben ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်သည်။သို့မဟုတ် ဆောင်းရာသီဒီကာလမှာဖားဥမှိုရောဂါလည်းကျနိုင်ပါတယ် အရွက်မျက်နှာပြင်မှာ အဖြူအမှုန်များတွေ့ရပြီးနောက်ရောဂါပြင်းထန်လာလျှင်ညိုမဲခြောက်သွားတတ်တယ်ဆိုရင် ဖားဥမှိုရောဂါလည်းဖြစ်နိုင်ပါတယ်၊ မိမိကိုယ်တိုင်သေချာစစ်ဆေးပါဗျ။ဖားဥမှိုရောဂါကာကွယ်ရန် ဘော်ဒိုမစ်ချားသို့မဟုတ်Sulphur ,Mancozeb , Chlorothalonil ဖျန်းပက်ကာကွယ်နိုင်သည်။ ကုသရန် Hexaconazole, Tebuconazole, Propiconazole, Myclobutanil တစ်မျိုးမျိုးဖျန်းပေးနိုင်သည်

369 လွန်ခဲ့သော ၁၀ လ က

‌ဖြေပေးကြတဲ့ ဆရာတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။ ဆရာတို့ပြောတဲ့ ဆေးတစ်မျိုးချင်းဆီ စမ်းကြည့်ပါအုံးမယ်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁၀ လ က

ဒီအဖြူဥလေးတွေကို ကွမ်းအပါအဝင်၊သ‌ေင်္ဘာပင်မှာလည်းတွေ့နေရတယ်။ ပုံသဏ္ဌန်မပြောင်းလဲခြင်း၊လှုပ်ရှားမှုမတွေ့ရခြင်း၊မျိုးပွားမှုမတွေ့ရခြင်းတို့ကြောင့် သက်မဲ့တမျိုးလို့ယူဆကြပါတယ်။သို့သော် သူတို့ရှိတဲ့နေရာမှာ အမဲစက်ဖြစ်သွားတယ်၊အပင်အားနည်းသွားတာတွေ့ရပါတယ်။ သစ်ရည်စုပ် pestတခုခုဖြစ်နိုင်ပါတယ်။(ရေ သို့မဟုတ် အဘာမက်တင်/အဆီတာမီပရစ်)ဖျန်းရင်ပျောက်ပါတယ်။

348,301 လွန်ခဲ့သော ၁၀ လ က

ပုံပါအရတော့မွှားပင့်ကူကျနေတာဖြစ်ဖို့များပါတယ်ဗျ၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။