အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁၀ လ က · လယ်ဝေး

နေပြည်တော်၊လယ်ဝေးမြို့နယ်အတွင်းမှာစားတော်ပဲစိုက်ပျိုးရန်ရနိူင်ပါသလားခင်ဗျ၁၂လပိုင်းအတွင်းပါ

စိုက်ပျိုးနည်း စားတော်ပဲ စားတော်ပဲစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁၀ လ က

နောက်ကျပါတယ်၊ဆောင်းသီးနှံဆိုပေမယ့်၊ရာသ္ီဥတုပြောင်းလဲမှုအရ နှင်းအကျနည်းလာပါတယ်။အသီးဝင်ချိန်နဲ့အောက်ဓာတ် ခမ်းတဲ့ပြဿနာတွေ့နိုင်ပါတယ်။

348,301 လွန်ခဲ့သော ၁၀ လ က

ရှမ်းပြည်နှင့်အေးသောဒေသများတွင် ဧပြီနှင့် မေလဝက်ကြားတွင်စိုက်ပျိုးကြသည်။ မြေပြန့်ဒေသများတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင်စိုက်ပျိုးသည်။ စိုက်ပျိုးပြီး ရက် ၄၀-၅၀ တွင်ပန်းစတင်ပွင့်သည်။ ကြီးထွားမှုအလေ့အထနှင့် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပန်းပွင့်ချိန် ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်သည်။ မေလဝက်နောက်ပိုင်းတွင် မစိုက်ပျိုးသင့်ပါ။ နောက်ကျမှစိုက်ပျိုးပါက ပန်းပွင့်ချိန်နောက်ကျသွားပြီး မှိုရောဂါများဝင်ရောက်နိုင်သဖြင့် အထွက်နှုန်းများလျော့နည်းနိုင်ပါသည်။ စိုက်ချိန်မှန်အောင်ဂရုစိုက်သင့်ပါသည်။ နိုဝင်ဘာလအတွင်းစိူက်ပျိုးနိုင်ရင်ပိုကောင်းပါမယ်ဗျ၊ ဒီဇင်ဘာလအတွင်းစိုက်ပျိုးရင် ရာသီဥတုအအေးဒဏ်ကြောင့် အပင်ထနှေးနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။