ကြက်ဥမရမ်းစိုက်ထားပါတယ်ရှင့် သိချင်တာ ကြက်ဥမရမ်းက ဘယ်အချိန်မှာ စပြီး အသီးသီးပါသလည်း ပြီးတော့ အပင်ကကော ဘယ်အ...
ကြက်ဥမရမ်းစိုက်ထားပါတယ်ရှင့် သိချင်တာ ကြက်ဥမရမ်းက ဘယ်အချိန်မှာ စပြီး အသီးသီးပါသလည်း ပြီးတော့ အပင်ကကော ဘယ်အချိန်မှာစပြီးဖွံ့ဖြိုးပါသလည်း
ကြက်ဥမရမ်းစိုက်ထားပါတယ်ရှင့် သိချင်တာ ကြက်ဥမရမ်းက ဘယ်အချိန်မှာ စပြီး အသီးသီးပါသလည်း ပြီးတော့ အပင်ကကော ဘယ်အချိန်မှာစပြီးဖွံ့ဖြိုးပါသလည်း
" မရမ်းပင် စိုက်ပျိုးနည်း " (ကိုင်းကူးနည်း ဗွီဒီယိုပါထည့်ပေးထားပါသည်) #မြန်မာအမည် = မရမ်း အင်္ဂလိပ်အမည် = Marian Three ရုက္ခဗေဒအမည် = Bouea burmanica မျိုးရင်းအမည် = Anacardiaceae #မျိုးများ အချိုမျိုး အချဉ်မျိုး နှစ်မျိုးရှိ။ #ဒေသ မန္တလေးတိုင်း ပဲခူး ရန်ကုန် ဧရာဝတီ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း #ရေမြေ ရာသီဥတု မြေစေးဆန်သောနုန်းမြေ ပူအိုက်စွတ်စိုသော ရာသီဥတု။ မိုးရေချိန်မှာ (50-150)လက်မဖြစ်။ #ပျိုးထောင်နည်း အသီးမှည့်အခွံကို သင်ပစ်ပြီးအသားမဖယ်ပဲ ပြာလူးကာ အရိပ်အောက်တွင် (3)ရက်ခန့်ဖြန့်ပါ၊ အစေ့စိုက်ပင်အား ပျိုးသက်တစ်နှစ်ကျော်မှ မြေချစိုက်ရပါမည်။ #စိုက်ကျင်း နှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး (30×30)ပေ တစ်ဧကအတွက် (48)ပင်ဖြစ်။ #မြေသြဇာကျွေးနည်း ကြီးထွားမှုနှေးသော အပင်မျိုးဖြစ်ကာ အပင်ငယ် တစ်ပင်လျှင် နွားချေးတစ်တင်းနှုန်း အပင်ကြီး သုံးတင်းနှုန်း။ ယူရီးယား တီစူပါ ပိုတက် (1:2:1)ရောပြီး အပင်ငယ်အတွက် (1)ပေါင် အပင်ကြီး(2)ပေါင်။ #အပင်ပြုစုနည်း ကိုင်းခြောက်ရှင်းပေးခြင်း သုံးနှစ်သားအထိ ရေသွင်းပေးပါ။ လောင်းရိပ်များရှင်းပေးပါ။ မတ် ဇွန်လများတွင် အသီးရင့်မှည့်တတ်သဖြင့် စျေးကောင်းရစေရန်နှင့် အသီးစောစောရစေရန် ရေနှင့် မြေသြဇာကျွေးခြင်းတို့ကို မိုးပြတ်သော ရာသီမှစ၍ ဆောင်ရွက်ပေးရပါမည်။ #အထွက်နှုန်း (7)နှစ်ကြာလျှင် အသီးစတင်ခူးစွတ်နိုင်ပြီး အပင်ငယ်မှ (5000-7000)လုံး အပင်ကြီးမှ (20000-30000)လုံး **********
ဆက်စပ်မေးခွန်းများ
မရမ်းးသီးတစ်ပိသာဈေးနှုန်းလေးသိချင်ပါတယ်ခဗျာ..
ဖြေကြားချက် 4 ခု
မရမ်းသီးစောစောသီးအောင်ဘာတွေလုပ်သင့်လဲ
ဖြေကြားချက် 1 ခု
မရမ်းချဉ်ပင်က ကယ်လဆီယမ်ဓာတ်ပိုလိုအပ်တယ်လို့သိထားပါတယ် ကယ်လဆီယမ်ဓာတ်အတွက်ဘာတွေထည့်ပေးရမလဲသိချင်ပါတယ် ကိုယ်တိုင်...
ဖြေကြားချက် 2 ခု
မရမ်းပင်အကိုင်အဖျားခြောက်တယ် နောက် ပင်စည်ပိုးထိုနေပါတယ်ဘာဆေးသုံးရမလည် အသုံးပြုနည်းပညာသင်ကြား ပေးပါ အရေးကြီး...
ဖြေကြားချက် 1 ခု
မင်္ဂလာပါ မရမ်းချိုပင်ကို အကိုင်းဖြတ် မျိုးပွားနည်း ရှိရင် သိပါရစေလား
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။