အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
20
လွန်ခဲ့သော ၁၀ လ က · ငပုတော

ကျွန်တော့်ခြံထဲက ပဲတောင့်ရှည်ပင်တွေမှာ အရွက်တွေတွန့်ကုတ်ပြီးအပင်လှသင့်သလောက်မလှပဲ အသီးသီးနှုန်း အသီးတင်နှုန်း...

ကျွန်တော့်ခြံထဲက ပဲတောင့်ရှည်ပင်တွေမှာ အရွက်တွေတွန့်ကုတ်ပြီးအပင်လှသင့်သလောက်မလှပဲ အသီးသီးနှုန်း အသီးတင်နှုန်းတွေကျနေပါတယ် စိုက်ပျိုးမြေကတော့သဲဆန်တဲ့အမျိုးအစားပါ တလောကပိုးသေးသေးမည်းမည်းလေးတွေ အဖူးတံခိုင်နဲ့ အညွန့်တွေမှာ အနည်းငယ်မျှတွေ့ခဲ့ရပါတယ် ဒါကပိုးသတ်ဆေးနဲ့အဆင်ပြေသွားပေမယ့် အပင်လှနှုန်းကတိုးမလာပါဘူး နိုက်ထရိုဂျင်ပုလဲဓာတ်မြေသြဇာနှစ်ချိုးနှင့် ပိုတက်ရှ်ဓာတ်များတဲ့အာမိုဓာတ်မြေသြဇာတစ်ချိုးရောပြီးတစ်ခါကျွေးထားပါတယ် ဘယ်လိုဆက်လုပ်ရမလဲသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အပွင့် အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ နေသာ
စိုက်ပျိုးနည်း ပဲတောင့်ရှည် ပဲတောင့်ရှည်အရွက်လိပ်ခြင်းပြဿာနာ
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

347,803 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

လှေးပိုးအရင်ကကျခဲ့ခြင်းကြောင့် ရွက်တွန့်ဗိုင်းရပ်စ်ရောဂါဝင်တာပါခင်ဗျာ၊ ပိုးရှင်းမရှင်းသေချာစစ်ဆေးပါ၊ ဆိုးရွားစွာအရွက်တွန့်လိပ်နေသောအပင်များ နှုတ်ယူဖျက်ဆီးပစ်ပါ၊ ရေနှင့်အဟာရလုံလောက်စွာပေးပါ

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

ပျ၊လှေး ကျတာဖြစ်ပါလိမ့်မယ်၊ အဆီတာမီပရစ်ကို ဆေးဖျန်းပုံးတပုံး ၂၀စီစီနုန်းဖျန်းလိုက်ပါ။

20 လွန်ခဲ့သော ၁၀ လ က

ကျေးဇူးတင်ပါတယ်ဗျ

7 လွန်ခဲ့သော ၁၀ လ က

အဲဒါပျပိုးတွေပါ အပျော့စားပိုးသတ်ဆေးနဲ့ရပါတယ် မှိုဆေးတကြိမ်လောက်သုံးလိုက်ပါ ပြန်ကောင်းလာပါလိမ့်မယ်

20 လွန်ခဲ့သော ၁၀ လ က

Acephate ကိုကောသုံးလို့အဆင်ပြေမလားဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။