အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
195
လွန်ခဲ့သော ၇ လ က · ဖျာပုံ

စပါးရွက်ညိုပြောက် ကဘာဆေးသုံးရမလဲခဗျာ

စိုက်ပျိုး ရေ စပါး
Post image

ဖြေကြားချက် ၅ ခု

349,542 လွန်ခဲ့သော ၇ လ က
ဤအဖြေဖြင့် ပြေလည်

ရောဂါပိုးအမည် ‒ စပါးရွက်ညိုပြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Drechsleraoryzae ကာကွယ်နှိမ်နှင်းနည်း ရောဂါကင်းသော စိုက်ခင်းမှမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးရန်နှင့် ရောဂါကျ ပင်ကြွင်းပင်ကန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ ၊ဓါတ်မြေသြဇာ ၊အနည်းလိုအာဟာရဓါတ်များကို အချိုးညီညီသုံးစွဲပါ။ နိုက်ထရိုဂျင်မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုက်ရှ်နှင့်တီစူပါကိုတွဲထည့်ပါ။ ခံနိုင်ရည်ရှိသော စပါးမျိုးကိုရွေးချယ်စိုက်ပါ။ရောဂါကျစိုက်ခင်းကို ဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။စပါးစိုက်မြေကို မြေဆီသြဇာတိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန် ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သင့်တော်သောစိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပါ။ အောက်ပါ မှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ (က) Propiconazole (ပရိုပီကိုနာဇိုး) (ခ ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး) (ဂ ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်) (ဃ) Chlorothalonil (ကလိုရိုသာလိုနေး) (င ) Carbendazim (ကာဗန်ဒါဇင်)

195 လွန်ခဲ့သော ၇ လ က

ကိုးပိုးသက်ဆေးဝယ်သုံးပါ

191 လွန်ခဲ့သော ၇ လ က

စပါးက ရက် ၅၀ သားရှိနေပါပြီးရှင့်

191 လွန်ခဲ့သော ၇ လ က

စပါးရွက်လိပ်အိမ်ပိုးက ဘယ်ဆေးသုံးသင့်ပါသလဲရှင့်

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၇ လ က

ပရိုပီကိုနာဇိုး မှိုဆေးကို၊ဆေး၁ပုံး ၂၀စီစီနုန်းနဲ့ စွဲကပ် ပျံ့နှံ့ဆေး ၁၀စီစီ နဲ့ ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။