အပင်အားဆေးကို အချိုမှုန့် ကြက်ဥ(အခွံအနှစ်) ငံပြာရည် သုံးတာ ၂လပြည့်နေပြီအရောင်ဘာလို့မပြောင်းတာလဲမသိဘူးရှင့် ဖြေ...
အပင်အားဆေးကို အချိုမှုန့် ကြက်ဥ(အခွံအနှစ်) ငံပြာရည် သုံးတာ ၂လပြည့်နေပြီအရောင်ဘာလို့မပြောင်းတာလဲမသိဘူးရှင့် ဖြေပေးကြပါဦးဆရာတို့ရှင့်
အပင်အားဆေးကို အချိုမှုန့် ကြက်ဥ(အခွံအနှစ်) ငံပြာရည် သုံးတာ ၂လပြည့်နေပြီအရောင်ဘာလို့မပြောင်းတာလဲမသိဘူးရှင့် ဖြေပေးကြပါဦးဆရာတို့ရှင့်
ငပိနဲ့လည်း လုပ်ထားပါတယ် ရှင့် ကျေးဇူးပါ
အနီရောင်မပြောင်းရခြင်းသည်၊ ၁။ငံပြာရည်မှာ ဆားဓာတ်များခြင်း ၂။နေပူလှန်းရာမှာ အပူချိန်နည်းခြင်း ၃။မိုက်ခရုပ်နည်းပြီး fermentation မဖြစ်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။ ငါးငပိနဲ့အဆင်ပြေနိုင်ပါတယ်။
စိမ်းစားငါးပိဖြင့်မပြုလုပ်ဘဲ ငံပြာရည်အသုံးပြုလို့ အရောင်ပြောင်းလဲမှုနည်းတာဖြစ်ပါလိမ့်မယ်
သဘာဝအားဆေးတစ်မျိုးဖြစ်တဲ့ ကြက်ဥဂျူလင်စီကို ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ပြုလုပ်ကြပါမယ်။ - ကြက်ဥ - စိမ်းစားငပိ - ဟင်းချိုမှုန့် ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲ ဖောက်ထည့်ပြီးအခွံပါချေထည့်ပါ။ စိမ်းစားငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းထည့်၍ နှံ့အောင်မွှေပါ။ မွှေပြီးသားများကို ရေ (၁) လီတာဗူးတစ်ဗူးမှာ တစ်ဇွန်းထည့်ပြီး ရေထည့်ပါ။ ကြက်ဥတစ်လုံးနှုန်းထားဆိုရင် ရေဗူး (၇) ဗူးလောက်ရတယ်လို့ သိရပါတယ်။ ရေအပြည့်ရောရမှာပါနော်။ နောက် နေပူထဲမှာထားပြီး နေ့စဉ် ဆေးဗူးကိုလှုပ်ပေးပါ။ နေရောင်ခြည်ရရှိမှုပေါ်မူတည်ပြီး ရက် (၃၀-၄၀) လောက်နေရင် အနီရောင်သို့ပြောင်းလဲပြီး ဆေးရည်အဖြစ်ပြောင်းလဲပြီး သုံးစွဲနိုင်ပါပြီ။ အနီရောင်ရှိတဲ့အဏုဇီဝအားဆေးဖြစ်တဲ့ ကြက်ဥဂျူလင်စီကိုဆိုရင် အပင်ကြီးထွားချိန်နဲ့ အသီးတင်ချိန်တွေမှာလည်းသုံးနိုင်ပါတယ်။ ကြက်ဥမှာ ကယ်လစီယမ်ဓာတ်ပါဝင်တဲ့အတွက် ပိုးမွှားရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ထိန်းချုပ်နိုင်ပါတယ်။ မြေကြီးကိုဆိုရင် ဆေးဖြန်းပုံး လီတာ၂၀ ကို ၂၀၀ စီစီ ထည့်ပါ။ အပင်အသီးအပွင့်တွက်ဆိုရင် ၂၀ လီတာကို ၂၀ စီစီထည့်ပါ။ မြေသြဇာပြုလုပ်တဲ့နေရာမှာလည်း ကြက်ဥဂျူလင်စီကိုထည့်သွင်းအသုံးပြုကြပါတယ်။ ပွားယူလိုလျှင်လည်း… စတင်ဖျော်စပ်တဲ့အတိုင်း ကြက်ဥတစ်လုံး၊ ငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းတို့ကို သမအောင်မွှေထားသောအရည်ကို (၁) လီတာမှာ (၁)ဇွန်းစီထည့်ပါ။ အသင့်ဆေးရည်ကို ၂၀၀ စီစီ ထည့်ပါ၊ ရေထည့်ပါ၊ နေ့စဉ်လှုပ်ပေးပြီး နေရောင်ထဲမှာ ၇ ရက်ထားပေးခြင်းဖြင့် အနီရောင်အဏုဇီဝအားဆေးရည်ကိုရရှိပါမည်။ ဒီလိုနည်းလမ်းကတော့ ဆေးရည်ထဲမှာရှိနေတဲ့ အဏုဇီဝပိုးများကို အားဆေးကျွေးပြီး ပြန်လည်ပွားယူခြင်းတစ်မျိုးပါပဲ။
ဆက်စပ်မေးခွန်းများ
EM-3က ၁၀ရက်ရှိနေပြီ pHက 3.13 ဖြစ်နေတုန်းပဲဆိုသွားလို့ရလားဟင်ဖြေပေးကြပါဦးဆရာတို့
ဖြေကြားချက် 4 ခု
တောင်သူဦးကြီးများအနေဖြင့်သီးနှံများစိုက်ပျိုးအောင်မြင်စီးပွားဖြစ်ထွန်းစေရန်လိုက်နာရမည့်နည်းလမ်းစည်းမျဉ်းများ...
ဖြေကြားချက် 1 ခု
တမာ အမိုင်နို ခိုင်တိုစန် ရယ် ရွက်ဖျန်းရယ် 4မျိုးရောဖျန်းမယ်ဆို အပင်အတွက် ဖိစီးမှုဖြစ်နိုင်လားဗျ
ဖြေကြားချက် 2 ခု
မြေဆွေးလုပ်တဲ့နေရာမှာသုံးထားတဲ့ပစ္စည်းတွေကတော့သစ်ရွက်ဆွေးမြေကြီး၊နွားချေး၊ပြာ၊ ဆန်ကွဲကိုသုံးထားပါတယ်မြေဆွေးကအ...
ဖြေကြားချက် 2 ခု
ဆရာများခင်ဗျာ ပင်လုံးပြန့်ပိုးသတ်ဆေးကို အပင်ခြေတဝိုက် ဖျန်းထားမယ်ဆို အပင်အပေါ်ပိုင်း အသီးကို ရက်မစောင့်ပဲခူး...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။