အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
623
လွန်ခဲ့သော ၆ လ က

နှမ်းခင်းက ရက်သား​လောက်ဘဲ ရှိပါ​သေးတယ်။ ပိုး​လေး​တွေ ကိုက်​နေလို့ဗျ။ ဘာ​ပိုးသတ်​ဆေးများ ပတ်ရမလဲဗျ။ သိတဲ့သူများ...

နှမ်းခင်းက ရက်သား​လောက်ဘဲ ရှိပါ​သေးတယ်။ ပိုး​လေး​တွေ ကိုက်​နေလို့ဗျ။ ဘာ​ပိုးသတ်​ဆေးများ ပတ်ရမလဲဗျ။ သိတဲ့သူများ ​ဖြေကြားပါအုံးဗျ။

ပိုးမွှားရောဂါ နှမ်း

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၆ လ က

စုပ်စား၊ကိုက်စား ၂မျိုးလူံးအတွက် အဆင်ပြေနိုင်တဲ့ အဆီတာမီပရစ် ဆေးကို ဆေးတပုံး ၂၀စီစီနုန်းဖျန်းပါ။

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

နှမ်းခင်းကိုအနံ့ပြင်းတဲ့မာလာသီယွန်တို့လိုရေဖျော်ဆေးရည်လိုမျိုးထိသေစားသေပိုးသတ်ဆေးနဲ့ဖျန်းပါ

348,989 လွန်ခဲ့သော ၆ လ က

နှမ်းရက်သားအရွယ်မှာ နှမ်းပင် ကိုက်စားပိုးအဓိက ကျရောက်တတ်ပါတယ်။ အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ ကိုက်စားပိုးအတွက်ဆိုရင် ထိသေ/စားသေအာနိသင်ရှိသောဆေး: ဖစ်ပရိုနေး (Fipronil) သို့မဟုတ် ဆိုင်ပါမီသရင် (Cypermethrin)။ (ပင်ဖြတ်ပိုးနဲ့ ကိုက်စားပိုးတွေအတွက် သင့်တော်ပါတယ်)။ စုပ်စားပိုးအတွက်ဆိုရင် ပင်လုံးပြန့်အာနိသင်ရှိသောဆေး: အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ်အဆီဖိတ်( Acephate ) စုပ်စားပိုး၊ကိုက်စားပိုးမခွဲခြားနိုင်ရင် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးအသုံးပြုပါ။ ၂။ သတိပြုရန် အချက်များ ဆေးနှုန်းထား: အပင်နုသေးတဲ့အတွက် ဆေးဗူးပါ လမ်းညွှန်ချက်ထက် ပိုမသုံးမိဖို့ အရေးကြီးပါတယ်။ ဆေးပြင်းသွားရင် အပင်လောင်နိုင်ပါတယ်။ ဖျန်းရမည့်အချိန်: နေပြင်းချိန်ကိုရှောင်ပြီး ညနေစောင်း အချိန်မှာ ဖျန်းပေးတာက အပင်အတွက် ပိုစိတ်ချရသလို ပိုးကောင်တွေကိုလည်း ပိုထိရောက်စေပါတယ်။

477 လွန်ခဲ့သော ၆ လ က

ပင်လုံးပျံအာနိသင်ရှိတဲ့ဆေးကိုဖြန်းစေချင်ပါတယ်ဗျ။ နှမ်းပင်ဓာတ်ပုံလေးကို 09974147065 viberမှာ လာပို့ပေးရင်ပိုအဆင်ပြေမယ်ထင်ပါတယ်ဗျ။ #မှားတာများရှိရင် ပိုကောင်းပိုသင့်တော်တာများရှိရင်ဝင်ရောက်ဆွေးနွှေးနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။