အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
696
လွန်ခဲ့သော ၆ လ က · ငပုတော

ဆရာခင်ဗျ မန်ကိုဇက်+ဆိုင်မောက်စနေး အရောရယ် ဖော့စတိုင်းအလူမီမီယမ် အဲ့ဆေးနှစ်မျိုးဝယ်လာပါတယ် မှိုရောဂါကို ကြိုတင်...

ဆရာခင်ဗျ မန်ကိုဇက်+ဆိုင်မောက်စနေး အရောရယ် ဖော့စတိုင်းအလူမီမီယမ် အဲ့ဆေးနှစ်မျိုးဝယ်လာပါတယ် မှိုရောဂါကို ကြိုတင်ကာကွယ်တဲ့‌အနေနဲ့ အပင်ဘယ်လောက်သားမှာ စဖျန်းသင့်ပါသလဲခင်ဗျ အဲ့ဆေးနှစ်မျိုးက ဘယ်ဆေးကိုအရင်ဖျန်းသင့်ပါသလဲခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
ပိုးမွှားရောဂါ သခွား
Post image
Post image

ဖြေကြားချက် ၄ ခု

1,549 လွန်ခဲ့သော ၆ လ က

အဲ့ဒါဆိုရင် ရောဂါလက္ခဏာပြမှ ဖျန်းရမှာပေါ့ဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၆ လ က

မှိုရောဂါ ကြိုတင်ကာကွယ်ဖို့ဆိုရင်၊ ထိသေ မှိုသတ်ဆေးများ၊မန်ကိုဇက်၊ကလိုရိုသာလိုနေးလ် စသဖြင့် ဖျန်းရပါတယ်။ ဆေးရွေးချယ်မှုမှားနေပါတယ်။

525 လွန်ခဲ့သော ၆ လ က

အပင်ငယ်အတွက်ဆို မန်ကိုဇက် တမျိုးတည်းဆို အဆင်ပြေပါတယ်

348,957 လွန်ခဲ့သော ၆ လ က

သခွားစိုက်တောင်သူကြီးအတွက် ၁။ စတင်ဖျန်းရမယ့်အချိန် အပင်သက်တမ်း ၁၀ ရက် - ၁၅ ရက်သား (စစ်မှန်တဲ့အရွက် ၂-၄ ရွက်ထွက်ချိန်) မှာ စတင်ဖျန်းပါ။ ၂။ ဖျန်းရမယ့် အစီအစဉ် ပထမအကြိမ်မှာ: မန်ကိုဇက် + ဆိုင်မောက်စနေး ကို အရင်ဖျန်းပါ။ (အပြင်ပန်းကာကွယ်ရေးအတွက်) ဒုတိယအကြိမ်မှာ: ဖော့စတိုင်း အလူမီနီယမ် ကို ဖျန်းပါ။ (အပင်တွင်းထိစိမ့်ဝင်ပြီး ခုခံအားတက်စေရန်) မှတ်ချက်: ဆေးနှစ်မျိုးကို တစ်ပတ်စီ တစ်လှည့်စီ (Rotation) ဖျန်းပေးခြင်းဖြင့် ဆေးယဉ်ပါးမှုကို တားဆီးနိုင်ပါတယ်။ ၃။ သတိပြုရန် (အရေးကြီး) ဆေးနှစ်မျိုးကို ရောမဖျန်းပါနဲ့။ ဖော့စတိုင်း အလူမီနီယမ်သည် တခြားဆေးများနှင့် ရောစပ်ပါက အပင်လောင်တတ်သည့်အတွက် သီးသန့်စီ ဖျန်းပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။