အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,991
လွန်ခဲ့သော ၆ လ က · မအူပင်

နွေရာသီ မှာ သခွားစိုက်လိုအဆင်ပြေနိုင်လာ အပူဒဏ်တအားများနေလို့ စိုက်မယ်ဆိုဘယ်လိုစိုက်သင့်လဲ ဖြေကြားပေးပါ

စိုက်ပျိုး ဗဟုသုတ သခွား သခွားသီးစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၆ လ က

နွေရာသီ အပူပြင်းချိန်မှာ သခွားစိုက်မယ်ဆိုရင် အဓိကက အစိုဓာတ်ထိန်းဖို့ပါပဲ။ စိုက်ဘောင်တွေကို ကောက်ရိုး (သို့မဟုတ်) ပလတ်စတစ်နဲ့ သေချာဖုံးအုပ်ပေးပါ။ ရေလောင်းရင် နေပူချိန်မှာ မလောင်းဘဲ မနက်စောစောနဲ့ ညနေပိုင်းမှာပဲ လောင်းပေးပါ။ အပင်ကို အပူဒဏ်ခံနိုင်ဖို့ အမိုင်နိုအက်ဆစ် နဲ့ အပွင့်တင်ဖို့ ကယ်လ်စီယမ် ဘိုရွန် အားဆေးတွေကို ၅ ရက် (သို့မဟုတ်) ၇ ရက်တစ်ကြိမ် ပုံမှန်ဖျန်းပေးရင် အောင်မြင်နိုင်ပါတယ်ဗျ။

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ လ က

ရေရမယ်ဆိုရင် စိုက်လို့ရပါတယ်။ ကောက်ရိုးလိုမျိုး သုံးပြီး မြေဖုံးအုပ်စနစ် (mulching) လုပ်ပေးပါ။ ရေသက်သာပြီး အပင်ကိုလည်း အစိုဓာတ်မပြတ်ပေးနိုင်ပါတယ်။ မျိုးကိုလည်း သေချာရွေးချယ်ဝယ်ယူပြီးမှ စိုက်ပျိုးပါဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။