အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,549
လွန်ခဲ့သော ၆ လ က · ငပုတော

သခွားမှာ ဘာပိုးကျတာလဲ ဘာအကောင်မှမတွေ့ပါလား ဘာဆေးဖျန်းရမလဲ အကြံပေးပါအုံးဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

အောက်ကအရွက်မှာရွကိထွင်းပိုးကျနေတာတွေ့ရတယ်ပင်လုံးပြန့်ပိုးသတ်ဆေးနှစ်မျိုးကိုတလှည့်စီငါးရက်ခြားပျန်းပေးပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၆ လ က

ရွက်ထွင်းပိုး ကျထားတဲ့လက္ခဏာပါ။အောက်ရွက်တွေမှာ ကျထားပြီး၊အပေါ်ရွက်တွေမှာမတွေ့ရသေးပါဘူး။အောက်ရွက်တွေ ညှပ်ပြီး အဝေးလွှင့်ပစ်ပါ။ပင်လုံးပျံ့အာနိသင်ဆေးတမျိုးမျိုးဖျန်းပေးပါ။စွဲကပ်စိမ့်ဝင်ဆေးနဲ့တွဲဖျန်းပါ။ မနက်ခင်း/ညနေ နေအေးချိန်ဖျန်းပါ။

348,989 လွန်ခဲ့သော ၆ လ က

အခု သခွားပင်မှာ ဖြစ်နေတာက ရွက်ထွင်းယင် (Leaf Miner) ကျရောက်နေတာ ဖြစ်ပါတယ်ဗျ။ အရွက်ထဲမှာ အကောင်လေးတွေက လမ်းကြောင်းဖောက်ပြီး စားနေတာဖြစ်လို့ (Abamectin, Acetameprid, Spinosad,Spiromesifen) ပါဝင်တဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို (၅) ရက် တစ်ကြိမ်နှုန်းနဲ့ (၂) ကြိမ်ခန့် အနှံ့အပြား ဖျန်းပေးပါဗျ။ အကောင်ကြီး ယင်တွေကို ဖမ်းဖို့အတွက်လည်း အဝါရောင် ကပ်စေးပြား လေးတွေ သုံးပေးဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။