အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
320
လွန်ခဲ့သော ၆ လ က · မအူပင်

သီးပင်စားပင်တွေက လက်တစ်ထွာလောက်နဲ့ အပင်ပုပုလေးနဲ့ အသီကင်းလေးတွေ သီးနေတာဘာကြောင့် လဲ ဆရာတို့ ရုံးပတေ သခွား အဲ့...

သီးပင်စားပင်တွေက လက်တစ်ထွာလောက်နဲ့ အပင်ပုပုလေးနဲ့ အသီကင်းလေးတွေ သီးနေတာဘာကြောင့် လဲ ဆရာတို့ ရုံးပတေ သခွား အဲ့လိုဖြစ်နေလို့ အပင်တွေက ကြီးမလာဘူး ဖြစ်နေတယ် ဘာလုပ်ရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
စိုက်ပျိုးနည်း ရုံးပတီ ရုံးပတီပင် စိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 22,957 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

ရုူံပဒီကိုဘယ်လမှာစိုက်တာလဲရုံးပဒိပင်ကနေ့တာတိုပင်ဖြစ်တယ်ဆောင်းတွင်းနိုဝင်ဘာဒိဇင်ဘာမှာစိုက်ရင်အပင်ပုနဲ့သီးတယ်ချဥ်ပေါင်ပင်ကိုလဲတောင်းတွင်းမှာစိုက်ရင်အပင်ပုနဲ့ပန်းပွင့်မယ်သခွားကတော့နေ့တာကိုတုံ့ပြန်မှုမရှိပါ

347,513 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

အပင်က အသက် (၄၃) ရက်ရှိနေပြီဆိုတော့ တကယ်ဆိုရင် ကြီးထွားသင့်နေပါပြီ။ အခုလို အပင်က လက်တစ်ထွာလောက်နဲ့ အသီးစောထွက်နေတာက အပင်က ပတ်ဝန်းကျင်ဒဏ် သို့မဟုတ် အာဟာရချို့တဲ့မှုဒဏ်ကြောင့် 'Stress' ဖြစ်ပြီး မျိုးဆက်ပြန့်ပွားဖို့ အသီးကို အတင်းထွက်အောင် လုပ်ဆောင်နေတဲ့ သဘောပါ။ ဒီလိုဖြစ်နေတဲ့ အခြေအနေကို ပြန်လည်ကုစားဖို့ အောက်ပါအတိုင်း အကြံပြုလိုပါတယ်ဗျ - ၁။ ယူရီးယားကျွေးပေးပါ: အပင်ပိုင်းဆိုင်ရာ ပြန်လည်ကြီးထွားလာဖို့အတွက် နိုက်ထရိုဂျင်ဓာတ် အများအပြား လိုအပ်ပါတယ်။ ယူရီးယား မြေသြဇာအနည်းငယ်ကို အပင်ခြေကနေ၃လက်မအကွာအဝေးကနေ ကျွေးပေးပါ။ ၂။ အရွက်ဖျန်းအားဆေး သုံးပေးပါ: အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ အမိုင်နိုအက်ဆစ် (Amino Acid) နဲ့ အပင်ဟော်မုန်း (GA3) ပါတဲ့ ဆေးတစ်မျိုးမျိုးကို (၇) ရက်တစ်ကြိမ်နှုန်းနဲ့ ၂ ကြိမ်လောက် ဖျန်းပေးပါက အပင်အဆစ်တွေ ပြန်ရှည်လာပါလိမ့်မယ်။ ၃။ အသီးကင်းတွေ ခြွေပေးပါ: အပင်အရမ်းငယ်သေးတဲ့အတွက် အပင်ကြီးထွားမှုကို အားပေးနိုင်အောင် အပင်ပေါ်မှာ ရှိနေတဲ့ အသီးကင်းလေးတွေကို အခုလောလောဆယ် ဖယ်ရှားပေးလိုက်တာ ပိုကောင်းပါတယ်။ ဒါမှ အပင်က အာဟာရကို အသီးအတွက် မသုံးတော့ဘဲ အပင်ကြီးထွားဖို့အတွက်ပဲ အပြည့်အဝ သုံးနိုင်မှာပါ။ ၄။ ရေပုံမှန်ပေးပါ: မြေစိုစွတ်မှု လုံလောက်အောင် ဂရုစိုက်ပေးပါဦးဗျ။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

ရာသီဥတု၊အပူချိန်၊စိုထိုင်းဆ အပေါ်မူတည်ပါတယ်။ ဆောင်းရာသီ စိုက်အပင်လေးတွေ အပင်ပုပုလေးတွေနဲ့ သီးတတ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။