အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
242
လွန်ခဲ့သော ၅ လ က · ချမ်းအေးသာဇံ

ဂျပန်ဘိုကာရှီကို ဘယ်လိုမျိုး သုံးစွဲသင့်လဲဗျ။တချို့သုံးစွဲသူတွေပြောတာက မြေပဲခင်းမှာ သုံးကြည့်တာ မြေပဲနုတ်တဲ့အ...

ဂျပန်ဘိုကာရှီကို ဘယ်လိုမျိုး သုံးစွဲသင့်လဲဗျ။တချို့သုံးစွဲသူတွေပြောတာက မြေပဲခင်းမှာ သုံးကြည့်တာ မြေပဲနုတ်တဲ့အခါကျတော့ အပင်တွေ ပင်ခြေပြတ်တယ်လို့ ပြောကြတယ်ဗျ။ ကျနော်ကတော့ ပြောင်းခင်းမှာ သုံးချင်လို့ပါဗျ ဖြေပေးဦးနော်။

မြေဆီလွှာ ပြောင်း

ဖြေကြားချက် ၅ ခု

32 လွန်ခဲ့သော ၅ လ က

ဘိုကာချီပြုလုပ်နည်း အဆင့်ဆင့်တင်ပြစေခြင်တယ်ဗျ🌹

အတည်ပြုပြီး 22,957 လွန်ခဲ့သော ၅ လ က

ေပြောင်းခင်းထဲမှာသိုံးရငိအတန်းထဲမှာထည့်သုံးရင်အကုန်အကျသက်သာပြီးပိုအကျိုးရှိမယ်

အတည်ပြုပြီး 22,957 လွန်ခဲ့သော ၅ လ က

အမှန်တကယ်တော့ဘိုကာရှီလုံလုံလောက်စိုက်ဘောင်(အတန်းထဲ)ထဲထည့်သုံးရင်မြေပွပြီးနှုပ်လို့ပို​ကောင်းရမှာပါစေးတဲ့မြေမှာအတန်းထဲထည့်သုံးပါစေးတဲ့မြေမှာဘိုကာရှီနဲနဲကိုကျဲပက်ထည့်ရင်အရာမရောက်နိုင်ပါမြေစေးထဲမှာအမြစ်ကေင်းလို့အပင်ချေပြတ်တာဖြစ်နိုင်တယ်

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၅ လ က

အီးအမ်ဘိုကာရှီကို အကျိုးရှိရှိအသုံးပြုဖိူ့ဆိုရင်၊ထွန်ရေးပြင်ဉ်ကတည်းက၊မြေကြီးနဲ့ သမပြီးသားဖြစ်‌ေအာင်၊ကြိုနှပ်ထားသင့်ပါတယ်။(အကျိုးပြုအနုဇီဝသက်ရှိလေးတွေ၊ပွားများနုန်းမြင့်လေ၊အကျိုးရှိလေမို့ပါ။)

347,513 လွန်ခဲ့သော ၅ လ က

ဂျပန်ဘိုကာရှီကို ပြောင်းခင်းမှာ သုံးစွဲဖို့ စိတ်ဝင်စားတာ တကယ့်ကို ကောင်းမွန်တဲ့ အကြံအစည်ပါပဲ။ မြေပဲခင်းမှာ သုံးတုန်းက ပင်ခြေပြတ်တယ်ဆိုတာက များသောအားဖြင့် ဘိုကာရှီ မနပ်သေးတာ (အချဉ်ဖောက်မှုဖြစ်စဉ် မပြီးသေးတာ) ကြောင့် ဖြစ်နိုင်ခြေ များပါတယ်ဗျ။ အချဉ်ဖောက်နေတုန်းမှာ အပူချိန်တက်လာပြီး အပင်အမြစ်တွေကို လောင်စေတတ်သလို၊ မှိုရောဂါတွေကိုလည်း ဖိတ်ခေါ်သလို ဖြစ်တတ်လို့ပါ။ အခု ပြောင်းခင်းမှာ သုံးမယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားကြည့်ပေးပါဗျာ - ဘိုကာရှီ နပ်/မနပ် အရင်စစ်ပါ: အပုပ်နံ့ မရှိဘဲ ချဉ်ဖြုံ့ဖြုံ့ အနံ့လေး ရှိရပါမယ်။ အဖြူရောင် မှိုမျှင်လေးတွေ ပါရင် ပိုကောင်းပါတယ်။ ပင်ခြေနဲ့ ခွာကျွေးပါ: အပင်ပေါက်ပြီးမှ ကျွေးမယ်ဆိုရင် အပင်ခြေကို တိုက်ရိုက်မစုပုံဘဲ ပင်စည်နဲ့ (၃) လက်မခန့် ခွာပြီး ကျင်းလေးတူးပြီး ထည့်ပေးပါဗျ။ ပြီးရင် မြေလေး ပြန်ဖုံးပေးပါ။ မြေပြင်ချိန်မှာ သုံးတာ အကောင်းဆုံး: အပင်မစိုက်ခင် မြေပြင်ကတည်းက မြေခံအဖြစ် ထည့်မွှေပေးလိုက်ရင်တော့ အပင်အတွက် ပိုစိတ်ချရပြီး အာဟာရလည်း ပိုရပါတယ်ဗျာ။ ဒီနည်းလမ်းလေးအတိုင်း သုံးစွဲမယ်ဆိုရင်တော့ ပင်ခြေပြတ်မှာ စိတ်ပူစရာမလိုဘဲ ပြောင်းပင်တွေ သန်သန်မာမာနဲ့ အထွက်တိုးမှာ အသေအချာပါပဲ။ အဆင်ပြေပါစေခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။