အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၅ လ က · ဂန့်ဂေါ

မိုးရာသီမှာခရမ်းချဥ်စိုက်ပျိုးလို့ရပါသလားခဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အပွင့်
စိုက်ပျိုး ရေ ငရုတ်သီး

ဖြေကြားချက် ၃ ခု

347,513 လွန်ခဲ့သော ၅ လ က

ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးတတ်ရင် သတ်မှတ်ပေးပါဦးဗျ

347,513 လွန်ခဲ့သော ၅ လ က
347,513 လွန်ခဲ့သော ၅ လ က

မိုးရာသီတွင် ခရမ်းချဉ်သီးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ သို့သော် မိုးများသောဒေသများတွင် စိုက်ပျိုးရန် ခက်ခဲတတ်သဖြင့် စနစ်တကျ ပြုပြင်စိုက်ပျိုးရန် လိုအပ်သည်။ မိုးရာသီ ခရမ်းချဉ်စိုက်ပျိုးရာတွင် လိုက်နာသင့်သည့် အချက်များမှာ- မျိုးရွေးချယ်ခြင်း: မိုးရာသီအတွက် အထူးထုတ်လုပ်ထားပြီး ရောဂါနှင့် အပူဒဏ်ခံနိုင်သော Hybrid (စပ်မျိုး) မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည် (ဥပမာ- လိုရာ ၉၀၉၊ ၉၈၁)။ စိုက်ခင်းပြင်ဆင်ခြင်း: ရေဝပ်လျှင် အပင်သေတတ်သောကြောင့် ရေသွင်းရေထုတ် လွယ်ကူစေရန် ဘောင်မြင့်မြင့်များဖြင့် စိုက်ပျိုးရမည်။ အမိုးအကာ: မိုးဒဏ်ကြောင့် အပင်ပုပ်ခြင်း၊ ရောဂါကျခြင်းမှ ကာကွယ်ရန် ပလတ်စတစ် အမိုးအကာများဖြင့် စိုက်ပျိုးခြင်းက ပိုမိုစိတ်ချရသည်။ တိုင်ထောင်ခြင်း: အပင်များ မြေကြီးနှင့်မထိစေရန်နှင့် လေဝင်လေထွက်ကောင်းစေရန် တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးသင့်သည်။ ဈေးကွက်: မိုးရာသီတွင် စိုက်ပျိုးရန် ခက်ခဲသောကြောင့် အောင်မြင်အောင် စိုက်ပျိုးနိုင်ပါက ဈေးကောင်းရရှိနိုင်သော အခွင့်အလမ်းရှိသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။