အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
30
လွန်ခဲ့သော ၅ လ က · ညောင်လေးပင်

ကုလားအော်ငရုတ်ကအသီးမတင်နိုင်လို့ဘာဖြစ်တာလဲမသိဘူးရှင့်

စိုက်ပျိုးနည်း ငရုတ်သီး
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၅ လ က

အစိုဓာတ်များနေသလား။ ငရုတ်က အစိုများတာမကြိုက်ဘူး။ အရွက်တွေ မှည့်သလိုဝါပါသလား။ မွှား လေးတွေ ရှိတတ်ပါတယ်။မွှားဆေး ဖျန်းပါ။

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၅ လ က

ငရုပ်ပင်ကဝါပြီးအာဟာရချို့ထည့်နေပုံရတယ်သဘာဝမြေဆွေးတို့NPKတို့ရေတို့ပေးပါ

40 လွန်ခဲ့သော ၅ လ က

စိုက်ပျိုးနည်း

348,948 လွန်ခဲ့သော ၅ လ က

ပုံထဲက ကုလားအော်ငရုတ်ပင်လေးက အပင်ကြည့်ရတာ တော်တော်သန်တာပဲဗျ။ ဒါပေမဲ့ အပွင့်ပွင့်ပြီး အသီးမတင်တာက နိုက်ထရိုဂျင် (ပုလဲ) ဓာတ် များလွန်းပြီး အပင်က အရွက်ပဲ ဇောကပ်နေလို့ ဖြစ်နိုင်သလို၊ ဘိုရွန် (Boron) ဓာတ် အားနည်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသီးပြန်တင်လာအောင် အခုလိုလေး လုပ်ကြည့်ပေးပါဦး - ၁။ ပုလဲမြေသြဇာ ကျွေးနေရင် ခေတ္တရပ်ထားပြီး တီစူပါနဲ့ ပိုတက်စီယမ် (အနီ) ပါတဲ့ မြေသြဇာကို ပြောင်းကျွေးပေးပါသို့မဟုတ် တီစူပါနဲ့ ပိုတက်စီယမ်အချိုးများများပါတဲ့ရွက်ဖျန်းအားဆေးအသုံးပြုပါ။ ၂။ အသီးတင် ဟော်မုန်းဆေးများ (Fruit Setter) သို့မဟုတ် ဘိုရွန် (Boron) ပါတဲ့ အားဆေးတစ်မျိုးမျိုးကို အပွင့်ပွင့်နေချိန်မှာ အရွက်ဖျန်းပေးပါ။ ဒါဆိုရင် အပွင့်တိုင်ခိုင်ပြီး အသီးတင်လာပါလိမ့်မယ်။ ၃။ ရေကိုလည်း နည်းလွန်း၊ များလွန်းမဖြစ်အောင် ပုံမှန်လေး ဂရုစိုက်ပေးပါဗျ။ ပိုး၊ရောဂါကင်းအောင်အမြဲစစ်ဆေးပါဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။