အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
41
လွန်ခဲ့သော ၅ လ က · ကျောက်ဆည်

ပဲတီပင် အဝါပြောက်တွေ ဖြစ်တာ ဘာကြောင့်လဲ... ရှေ့ဆက် အဝါပြောက်တွေ တိုးမလာအောင် ဘာဆေးဖျန်းပြီး ကာကွယ်သင့်လဲ......

ပဲတီပင် အဝါပြောက်တွေ ဖြစ်တာ ဘာကြောင့်လဲ... ရှေ့ဆက် အဝါပြောက်တွေ တိုးမလာအောင် ဘာဆေးဖျန်းပြီး ကာကွယ်သင့်လဲ... ကျေးဇူးပြု၍ အဖြေလေး မျှဝေပေးပါဦး ခင်ဗျာ

စိုက်ပျိုး ရေ ပဲတီစိမ်း
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၅ လ က

ပဲမိုဇိတ်ဗိုင်းရပ်ရောဂါပါ။ မျိုးမသန့်ရင်သော်လည်းကောင်း၊ခံနိုင်ရည်မဲ့တဲ့မျိုးစိုက်မိရင်လည်းကောင်း၊ ယင်ဖြူ စုပ်စားပိုး ကတဆင့် ရောဂါကူးစက်စေပါတယ်။ အပင်ရေမများသေးရင်၊ဝါတဲ့အပင်ကိူ၊နုတ်ပစ်ပါ။ ကျန်အပင်တွေကို အဆီတာမီပရစ်၊ဖျန်းပေးပါ။ အမိုင်နိုအားဆေး၊ကေ-ဟူးမစ် တို့နဲ့ တွဲဖျန်းနိုင်ပါတယ်။ ကုသဖို့ ခက်ခဲတဲ့ ရောဂါမျိုးပါ။ လာမည့်နှစ်အတွက်၊ခံနိုင်ရည်ရှိတဲ့ ရေဆင်း-၁၆/၁၇ စသဖြင့်ပြောင်းစိုက်ပါ။

348,301 လွန်ခဲ့သော ၅ လ က

ပုံပါအရ အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါလက္ခဏာပါ။ယင်ဖြူစုပ်စားပိုးမနိုင်လို့ကျတာပါ။ အရွက်ဝါသွားသည့်အပင်များကတော့မကောင်းနိုင်တော့ပါဘူးဗျ၊ဝါသွားသည့်အပင်များ အနည်းငယ်သာရှိသေးပါက စိုက်ခင်းအဝေးနှုတ်ယူမီးရှို့ဖျက်ဆီးပါ။ ယင်ဖြူ (Tobacco whitefly: Bemisia tabaci) ကာကွယ်နှိမ်နင်းနည်းများ ၁။ ခံနိုင်ရည်ရှိသော မျိုးများဖြစ်သည့် ပဲတီစိမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ၂။ မစိုက်ပျိုးမီ အီမီဒါကလိုပရစ် (၂-၃) ဂရမ်လျှင် မျိုးစေ့တစ်ကီလိုနှုန်းနှင့် မျိုးစေ့လူးနယ်ပါ။ ၃။ အရွက်အောက်မျက်နှာပြင်ကို အမြဲကြည့်ရှုခြင်းဖြင့် ယင်ဖြူကျရောက်မှုကို ကင်းထောက်ပါ။ ၄။ ရာသီတစ်ခုလုံးတွင် ပိုးသတ်ဆေးအုပ်စုတစ်မျိုးတည်း ဆက်တိုက်မသုံးဘဲ ဆေးအုပ်စု ပြောင်းလဲသုံးစွဲပါ။ ၅။ ပေါင်းမြက်များကို ရှင်းလင်းပါ။ ၆။ အခင်းများတွင် ခြောက်သွေ့ချိန်၌ မီးရှို့၍ မီးခိုးမှိုင်းတိုက်ပါ။ ၇။ တမာပိုးသတ်ဆေးကို (၁) ပတ်လျှင် (၁) ကြိမ် ပက်ဖျန်းပါ။ ၈။ ယင်ဖြူသည် အဝါရောင်ကို ဆွဲဆောင်မှုရှိသောကြောင့် အဝါရောင်ဆေးကပ်သည့်ကတ်ပြားများ (yellow sticky trap) ကို အခင်းအတွင်း ချိတ်ဆွဲခြင်းဖြင့် ယင်ဖြူကျရောက်မှုကို ကြိုတင်သိရှိထောက်လှမ်းနိုင်ပါသည်။ ၉။ ယင်ဖြူအကောင်ကြီးများသည် ငွေရောင်အရောင်လက်မှုကို ကြောက်ရွံ့သောကြောင့် အခင်းများအတွင်း အရောင်ပြန်စေသည့် ပလတ်စတစ်စများကို စိုက်ခင်းပေါ်တွင် ထားခြင်းအားဖြင့် ယင်ဖြူပေါက်ဖွားမှုနှင့် ဖျက်ဆီးမှုကို လျော့ချနိုင်ပါသည်။ ၁၀။ အခင်းများအတွင်း စွန့်ပစ်ထားသော အပင်အပျက်အစီးများကို ဖျက်ဆီးမီးရှို့ပစ်ပါ။ ၁၁။ သာမန်ထက် နေကျထက်များပြားစွာကျရောက်ပါက အောက်ပါပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပိုးသတ်ဆေးဘူး၊ အိတ်ပေါ်ပါအညွှန်းအတိုင်း ပက်ဖျန်းနိုင်ပါသည်။ ဒိုင်မီသိုအိတ် (Dimethoate) ဖီပရိုနေးလ် (Fipronil) အဆီတာမီပရစ် (Acetamiprid) စပီရိုမက်စီဖန် (Spiromesifen) ဤအဖြေဖြင့်ပြေလည်ပါကဤအဖြေဖြင့်ပြေလည် သည်သတ်မှတ်ပေးနိုင်ပါတယ်၊နောက်ထပ်သိချင်တာများလည်းမေးထားနိုင်ပါသေးတယ်

You

ဆက်စပ်မေးခွန်းများ

ပဲတီးစိမ်းမျိုးတွေးက ဘယ်လိုကွာလဲ ရွှေဝါ ဆီးပြောင် ရေဆင်း ရေဆင်းအစစ ဘယ်လိုကွာခြားလဲ ဘယ်လိုကွဲပြာလဲသိချင်တယ် ဘယ်...

ဖြေကြားချက် 2 ခု

ယခုနှစ်မှဘဲပဲတီစစိုက်ဖူးတာပါ၊ပဲတီမှာဘယ်လိုဖျက်ပိုးနှင့်ရောဂါများကျရောက်တတ်ပါသလဲ၊ဘယ်ဆေးAI တွေကိုအဓိကထားပီးသုံး...

ဖြေကြားချက် 2 ခု

ဆရာသမားတို့ရေ ဆေးတွေသုံးရတာကြာတော့ပိုးကမဖြုံတော့ပါဘူး အကြံညာဏ်တောင်းချင်တာက ဆေးနူန်းထားတွေကိုမြင့်သုံးရမလား...

ဖြေကြားချက် 4 ခု

ကျတော်တို့ရဲ့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့မေးခွန်းတွေကို အဓိကဖြေပေးနေတာက စိုက်ပျိုးရေးပညာရှင်လား AIလားဗျာ

ဖြေကြားချက် 1 ခု

အခုမေလတွင်ပဲတီစိမ်းဘယ်စျေးဖစ်နေပီလဲ.နောက်ဆုံးရောစျေးတက်လာနိုင်ဖွယ်ရှိလား

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။