အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
158
လွန်ခဲ့သော ၅ လ က · သာပေါင်း

ရှမ်းပြည်က ရာကွန်ပင်ပါ သာ​ပေါင်းမြို့နယ်မှာပျိုးထားတယ် မိုးရွာမှစိုက်မယ် သိချင်တာက အခုပျိုးပင်​တော့​အောင်မြင်...

ရှမ်းပြည်က ရာကွန်ပင်ပါ သာ​ပေါင်းမြို့နယ်မှာပျိုးထားတယ် မိုးရွာမှစိုက်မယ် သိချင်တာက အခုပျိုးပင်​တော့​အောင်မြင်တယ် အပူချိန်များလို့မနဲ​အေး​အောင်လုပ်​နေရတယ် အရင်က ပီ​လောပီနံ​အောင်မြင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
စိုက်ပျိုးနည်း ပီလောပီနံ(ကလောဥ)
Post image

ဖြေကြားချက် ၇ ခု

158 လွန်ခဲ့သော ၅ လ က

သာ​ပေါင်းမှာရာကွန်ထွက်ရင်​တော့ ဆရာသမားများကို ​ကျေးဇူးဆပ်ပါ့မည်

158 လွန်ခဲ့သော ၅ လ က

၁၄ / မှာ​အောင်မြင်ဖို့ အဆင့်ဆင့်ကြိုးစားမူကို အသိအမှတ်ပြု​ပေးတာ​ကျေးဇူးပါ

349,542 လွန်ခဲ့သော ၅ လ က

အခုလို အပင်ပေါက် အဆင့်မှာ အောင်မြင်နေတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ရေမှန်မှန်လောင်းပေးရင် မိုးကျလာတဲ့အခါ အပင်က အရှိန်အဟုန်နဲ့ ပြန်လည်ကြီးထွားလာပါလိမ့်မယ်။

158 လွန်ခဲ့သော ၅ လ က

ဟုတ်တယ်ဆရာ​ရေ မနှစ်ကလဲထိတယ် ဒီနှစ်​တော့မျိုး​တောချန်ထားတယ်ဆရာ​ရေ စိတ်နာနာနဲ့ချစ်မိ​နေပီ ဆရာ​ရေ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၅ လ က

ဈေးကွက်မငြိမ်နိုင်သေးပါ။တရုတ်ဝယ်လိုအားကတော့ အမြဲရှိနေမယ်၊သို့သော်၊ထိုင်း၊ဗီယက်နမ်စတဲ့ နိုင်ငံတွေရဲ့ ထုတ်လုပ်မှုပမာဏ အနည်းအများပေါ်မူတည်လိမ့်မယ်။ တက်လိုက်ကျလိုက်အခြေအနေမှာ ၊ကိာင်မလား၊လွှတ်မလား၊ချင့်ချိန်ရပါလိမ့်မယ်။

158 လွန်ခဲ့သော ၅ လ က

ဟုပ်ဆရာ ဒီနှစ်ပီ​လောပီနံ ​စျေးကွက်အ​​ခြေအ​နေ​လေးသိချင်ပါတယ်

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၅ လ က

အခုပျိုးပင်က၊သာပေါင်းမှာဆိုရင် အဆင်ပြေနိုင်ပါတယ်။ အ‌ေအးကြိုက်ပင်ဖြစ်လို့၊ စက်တင်ဘာမိုးနဲ့စိုက်ပြီး၊အောက်တိုဘာ၊နိုဝင်ဘာ ဆောင်းလတွေမှာဆိုရင် ဥပိုထွားနိုင်မယ်လို့ယူဆပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။