ဖြေကြားချက် ၁ ခု
ကျွန်တော်လေ့လာဖူးသမျှတော့ Biochar (ဘိုင်အိုချာ) စပါးခွံမီးသွေးနှင့် ရိုးရိုးအပြင်မှာမီးရှို့သည့် စပါးခွံမီးသွေးတို့သည် ပြုလုပ်ပုံနည်းပညာ၊ အရည်အသွေးနှင့် စိုက်ပျိုးရေးတွင် အကျိုးသက်ရောက်မှုတို့တွင် ကွဲပြားခြားနားပါတယ်ဗျ။အဓိကကွာခြားချက် ကပြုလုပ်ပုံနည်းလမ်းBiochar စပါးခွံမီးသွေးပြုလုပ်ရာမှာ လေငတ်သည့်အခြေအနေ (သို့မဟုတ်) အောက်ဆီဂျင်အနည်းငယ်သာရှိသော အခြေအနေတွင် အပူချိန်မြင့်မားစွာဖြင့် မီးဖုတ်ရသည်။ ၎င်းကို Pyrolysis နည်းပညာဟုခေါ်ပြီး ပိုမိုစနစ်တကျရှိသည်။ ရိုးရိုးစပါးခွံမီးသွေး ပြာလုပ်ရာမှာကအပြင်မှာပုံ၍ လေဝင်လေထွက်ရှိသော ပတ်ဝန်းကျင်တွင် မီးရှို့ခြင်းဖြစ်သည်။ အောက်ဆီဂျင် အလုံအလောက်ရသဖြင့် စပါးခွံများမှာ မီးသွေးမဖြစ်မီ ပြာအဖြစ်သို့ ကူးပြောင်းသွားမှုများနိုင်သည်။ Biocharက ကာဗွန်ဓာတ်ပါဝင်မှု အလွန်မြင့်မားပါတယ်။ အပေါက်ငယ်လေးများ (Pores) အများကြီးပါဝင်ပြီး မျက်နှာပြင်ဧရိယာ ကျယ်ဝန်းသည်။ရိုးရိုးစပါးခွံမီးသွေးကကာဗွန်ဓာတ်ကို ရရှိသော်လည်း Biochar လောက် မမြင့်မားပေ။ အပေါက်ငယ်လေးများ နည်းပါးပြီး ပြာ (Ash) ပါဝင်မှု များပြားနိုင်သည်။Biocharကမြေဆီလွှာတွင် ရေနှင့်အာဟာရဓာတ်ကို ရေရှည်ထိန်းသိမ်းပေးနိုင်သည်။ အဏုဇီဝပိုးမွှားများ နေထိုင်ရန်နှင့် ပေါက်ဖွားရန် အကောင်းဆုံးနေရာဖြစ်ပြီး မြေဆီလွှာကို ရေရှည်တည်တံ့စေသည်။ရိုးရိုးစပါးခွံမီးသွေးကမြေဆီလွှာကို ပွယောင်းစေသော်လည်း Biochar ကဲ့သို့ အာဟာရဓာတ်ကို ရေရှည်ထိန်းသိမ်းနိုင်စွမ်း မမြင့်မားလှပေ။ လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လွှတ်ထုတ်ခြင်းကို လျှော့ချပေးပြီး ကာဗွန်ကို မြေကြီးထဲတွင် ရာစုနှစ်နှင့်ချီ၍ သိမ်းဆည်းပေးနိုင်သည်။ရိုးရိုးစပါးခွံမီးသွေးကမီးရှို့သည့်အခါ ကာဗွန်အမြောက်အမြား လေထဲသို့ ပျံ့လွင့်သွားပြီး မျက်နှာပြင်ပေါ်တွင်သာ ၃% ခန့်သာ အော်ဂဲနစ်ဓာတ် ကျန်ရှိနိုင်သည်။အနှစ်ချုပ်ရလျှင် Biochar သည် စိုက်ပျိုးရေးအတွက် ရေရှည်အကျိုးရှိပြီး ပိုမိုအရည်အသွေးမြင့်မားကာ၊ ရိုးရိုးစပါးခွံမီးသွေးသည် ပြုလုပ်ရလွယ်ကူသော်လည်း အရည်အသွေးနိမ့်ပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
ကော်ဖီစိုက်နည်း စာအုပ်ဖတ်လိုပါသည်။ ရှိက တင်ပေးပါရန်
ဖြေကြားချက် 1 ခု
Dr.Higaရဲ့ Original EMဗူး၀ယ်ယူလို့ရမယ့် နေရာများသိချင်လို့ပါရှင်။
ဖြေကြားချက် 2 ခု
ကော်ဖီထုပ်ပင်ရောဂါကျနေပါတယ် လမ်းညွှန်ပေးကြပါခင်ဗျ။
ဖြေကြားချက် 2 ခု
ပျပိုးများကျရောက်နေပါတယ်ဆေးဖျန်းသော်လည်းမကင်းစင်သေးပါသင့်တော်မည့်ဆေးနှင့်အသုံးပြုနည်းသိချင်ပါတယ်ကျေးဇူးပြု၍ဖြေ...
ဖြေကြားချက် 2 ခု
ဆရာတို့ဆာလ်ဖာမှိုသတ်ဆေးကိုကိုယ်တိုင်ပြုလုပ်ချင်လို့ပါဆရာလုပ်နည်းလေးပြောပေးပါ
ဖြေကြားချက် 6 ခု