အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
57
လွန်ခဲ့သော ၄ လ က · တောင်ကြီး

ပျပိုးများကျရောက်နေပါတယ်ဆေးဖျန်းသော်လည်းမကင်းစင်သေးပါသင့်တော်မည့်ဆေးနှင့်အသုံးပြုနည်းသိချင်ပါတယ်ကျေးဇူးပြု၍ဖြေ...

ပျပိုးများကျရောက်နေပါတယ်ဆေးဖျန်းသော်လည်းမကင်းစင်သေးပါသင့်တော်မည့်ဆေးနှင့်အသုံးပြုနည်းသိချင်ပါတယ်ကျေးဇူးပြု၍ဖြေကြားပေးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၀၀ နှစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ ကော်ဖီ ပျပိုး
Post image

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ပျပိုးသည် အရည်စုပ်စားပိုး အမျိုးအစားဖြစ်သဖြင့် အောက်ပါဓာတုဆေး သို့မဟုတ် သဘာဝဆေးများထဲမှ တစ်မျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ထိရောက်သောဆေးများ - (Imidacloprid)၊Acetamiprid၊Clothianidin + Deltamethrin၊ သို့မဟုတ် သဘာဝတမာပိုးသတ်ဆေး (Neem Oil)။ -ပျပိုးများ ခိုအောင်းရာ အရွက်နုများ၏ အောက်မျက်နှာပြင်နှင့် အညွန့်ခွကြားများသို့ ဆေးရည်ထိမိအောင် နှံ့စပ်စွာ ဖျန်းပါ။မိုးရွာနိုင်သဖြင့် ဆေးရည်မျောပါမှု ကာကွယ်ရန် နှင့် အရွက်အောက်မျက်နှာပြင်တွင် ဆေးရည် သေချာစွဲကပ်စေရန် ဆေးစွဲကပ်ပျံ့နှံ့ဆေး (Sticker) မဖြစ်မနေ ထည့်ဖျန်းပါ။ပျပိုးများကို သယ်ဆောင်ပျံ့နှံ့စေသည့် အပင်ခြေရှိ ပုရွက်ဆိတ်များကိုပါ ပူးတွဲနှိမ်နင်းပေးပါ။ အပင်အရည်ရွှမ်းပြီး ပိုးပိုကျစေသည့် ယူရီးယား (နိုက်ထရိုဂျင်) မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပါ။စိုက်ခင်းအတွင်း စိုထိုင်းဆလျော့ကျစေရန် ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ကော်ဖီကိုင်း/အရိပ်ကိုင်း ဖြတ်တောက်ခြင်းများ ပြုလုပ်ပါ။ ဆေးတစ်မျိုးတည်းကို ဆက်တိုက်မဖျန်းရပါ။ ဆေးအုပ်စုများကို တစ်လှည့်စီ အလှည့်ကျ ပြောင်းလဲပက်ဖြန်းရပါမည်။နေပြင်းချိန်တွင် မဖျန်းရပါ။ မနက်စောစော သို့မဟုတ် ညနေစောင်း နေအေးချိန်တွင်သာ ဖျန်းပါ။ ပျပိုးများပြားပါက (၇) ရက်မှ (၁၀) ရက်ခြား၍ (၂) ကြိမ်ခန့် ဆက်တိုက်ဖျန်းပေးရန် လိုအပ်ပါသည်

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ လ က

အကြေးပိုးက နှိမ်နင်းရခက်ပါလိမ့်မယ် ။ဆပ်ပြာဆီ ၂၀စီစဖီ+profenofos 40စီ‌ေရာဖျန်းပါ။ဆေးဖျန်းခေါင်းကိုစုပြီး ပိုးရှိတဲ့နေရာ ဆေးထိအောင်ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။