အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
816
လွန်ခဲ့သော ၄ လ က · ရမည်းသင်း

အရွက် အညွန့်တွေ ပုံပါအတိုင်းဖြစ်နေပါတယ် ဘာဆေးဖျန်းသင့်လဲဗျ ခြံအတွက် ပိုး မှို ပေါင်း ဂရုစိုက်မှုလေးတွေ သိချင်...

အရွက် အညွန့်တွေ ပုံပါအတိုင်းဖြစ်နေပါတယ် ဘာဆေးဖျန်းသင့်လဲဗျ ခြံအတွက် ပိုး မှို ပေါင်း ဂရုစိုက်မှုလေးတွေ သိချင်ပါတယ် ပိုးမှိုပေါင်း နိုင်ဖို့ ဘယ်လိုကြိုတင်လုပ်ဆောင်ရမလဲ အခြေအနေအလိုက် ဆေးဘယ်လိုဖျန်းရမယ်စသည်ဖြင့် ဖြေပေးစေလိုပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အညွန့်
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ လ က

ဖျန်းလို့ရပါတယ်။မိုးရွာပြီးရက်တွေမှာ မှိုကျတတ်လို့ အဲဒီအချိန်ဖျန်းပါ။ scope(captan)အလှည့်ကျဖျန်းပါ။ မိုးများရင်၊ကော့ပါး၊ကာဆူကာမိုင်စင်/ဘစ်စမာသိုင်ယာဇိုး အလှည့်ကျဖျန်းနိုင်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ကွင်းဆင်းပညာရှင်တယောက်ယောက်နဲ့ အမြဲဆက်သွယ်ထားပါ။

347,513 လွန်ခဲ့သော ၄ လ က

စိုက်ခင်းက ကိုက်စားပိုးကျနေလို့ ပိုးသတ်ဆေးအရင်ဖျန်းပေးနိုင်ပါတယ်၊ မှိုရောဂါကတော့ မကျသေးလို့ကာကွယ်ချင်ပါက မန်ကိုဇက် သို့မဟုတ် Chlorothalonil မှို သတ်ဆေးတစ်မျိုးမျိုးကို၁၀-၁၅ရက်ခြားဖျန်း ပေးနိုင်ပါတယ်၊ ရောဂါကျပြီဆိုရင်တော့ရောဂါအလိုက်ဖျန်းရမည့်မှိုဆေးများညွှန်းပေးပါမယ်ခင်‌ဗျာ။

816 လွန်ခဲ့သော ၄ လ က

မန်ကိုဇက်က အဲ့အထုပ်ဖျန်းလို့ရလားဆရာ ဘယ်အပိုင်းတွေကို ရွေးချယ်ဖျန်းသင့်လဲ လတ်တလော ဖျန်းသင့်တဲ့ဆေးrotate plan လေး ပြောပြလို့ရရင် ပြောပြပေးပါလားဆရာ အခုမှခြံစသင်ရတာဆိုတော့ နားမလည်သေးလို့ပါဆရာ ကြိုမသိထားတော့ မကာကွယ်နိုင်သလိုဖြစ်နေပါတယ်

347,513 လွန်ခဲ့သော ၄ လ က

အရွက်က အပေါက်တွေက ကိုက်စားပိုးတစ်မျိုးမျိုးကျနေတာဖြစ်ပါတယ်၊ ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးမျိုး ညနေခင်းဖျန်းပါ။ မှိုသတ်ဆေူအနေနဲ့ Mancozebအသုံးပြု၍ကာကွယ်ပါ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ လ က

အရွက်၊အညွန့်တွေကို၊ညအချိန်မှာထွက်တဲ့၊ ကျိုင်းကောင်လေးတွေစားထားပုံရပါတယ်။ကာဘိုဆာလ်ဖန် ၊ဖျန်းထားပါ။ အပင်ခြေ၊ပေါင်းတွေကို မြက်ရမ်းစက်နဲ့ ကပ်ဖြတ်ပါ။အမြစ်ထိလို့မရပါဘူး။မြေဩဇာကျွေးပေးပါ။ဒီအချိန်မှာမှိုနည်းပါသေးတယ်၊ကော့ပါး၊မန်ကိုဇက် တမျိုးမျိုးဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။