အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
816
လွန်ခဲ့သော ၄ လ က · ရမည်းသင်း

ချွန်းကူးထားတာပါ စင်ပေါ်ရောက်ပါပြီ ​ပေါင်းအတွက် ပေါင်းရမ်းစက်နဲ့စပြီးရှင်းနေပါတယ် ပေါင်းပြန်ထွက်လာတဲ့အချိန် ဘာ...

ချွန်းကူးထားတာပါ စင်ပေါ်ရောက်ပါပြီ ​ပေါင်းအတွက် ပေါင်းရမ်းစက်နဲ့စပြီးရှင်းနေပါတယ် ပေါင်းပြန်ထွက်လာတဲ့အချိန် ဘာပေါင်းသတ်ဆေးသုံးသင့်လဲ ခြံထဲကပေါင်းမျိုး စုံနေတော့ အရင်.ဖော်ကျွန်းဖျန်းတာ သိပ်မထိရောက်ဘူး မြေသြဇာလည်း မကျွေးရသေးပါဘူး စတင်ကျွေးမယ်ဆို ဘယ်မြေသြဇာကစတင်ရမလဲ ဖြေပေးပါအုံးဗျ

စိုက်ပျိုး ဗဟုသုတ စပျစ် စပျစ်မြေသြဇာကျွေးနည်း
Post image

ဖြေကြားချက် ၇ ခု

348,989 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ဖော်ကျွန်းမှာကQuizalofop-p-ethyl 10% ပါဝင်လို့ သီးနှံပင်ကြားမှာ ပေါက်ရောက်နေတဲ့ မြက်ပေါင်းGraminicide (မြက်သတ်ဆေး) သီးသန့် အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို ပေါင်းမျိုးစုံနေတဲ့ ခြံထဲမှာ ထိရောက်မှု မရှိတာ ဖြစ်နိုင်ပါတယ် (သူက မြက်အမျိုးအစားတွေကိုပဲ သတ်နိုင်ပြီး ရွက်ပြန့်ပေါင်းနဲ့ မုန်ညင်းအမျိုးအစားတွေကို မသတ်နိုင်လို့ပါ)။ ရွေးချယ်မဲ့ပေါင်းသတ်ဆေးတွေညွှန်းပြန်ရင်လည်း စိုက်ပျိုးသူအနေနဲ့ သတိကြီးစွာအသုံးမပြုတတ်ရင်အပင်လောင်မှာစိုး၍အကြံမပြုတော့ပါဘူးခင်ဗျာ။ အပင်က စင်ပေါ်ရောက်နေပြီဖြစ်လို့ အပင်သန်ဖို့ရော၊ အမြစ်အစာစားအားကောင်းဖို့ပါကေဟူးမစ်နှင့်DAP (၁၈:၄၆:၀) ရောကျွေးပေးရင် ပိုကောင်းပါတယ်။ မြေဩဇာကျွေးသည့်အခါ(အပင်ခြေနှင့် ၁ ပေခန့်ခွာ၍) မြေကျင်းတူးပြီး ကျွေးပေးပါ။အာဟာရစုံလင်စေရန်) အပင်ခြေတွင် နွားချေးဆွေး သို့မဟုတ် သဘာဝမြေဩဇာ ကို အပေါ်ယံမြေနှင့် ရောမွှေပြီး ဖုံးပေးပါ။ ၎င်းသည် မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးပြီး အဏုဇီဝပိုးများကို အားပေးပါတယ်။အရွက်များ ပိုမိုစိမ်းလန်းပြီး အဆစ်များ သန်မာစေရန် အနည်းလိုအာဟာရ (Micronutrients)ပါဝင်သော အရွက်ဖျန်းအားဆေးကိုလည်း ၁၀ ရက် သို့မဟုတ် ၁၅ ရက်တစ်ကြိမ် ဖျန်းပေးနိုင်ပါသည်။ပေါင်းရမ်းစက်နဲ့ ရှင်းနေတယ်ဆိုရင် စပျစ်ပင်စည်ကို စက်နဲ့မရိုက်မိအောင် အထူးသတိထားပါ။ စပျစ်ပင်စည်မှာ ဒဏ်ရာရသွားရင် မှိုရောဂ ဝင်ရောက်ဖို့ အရမ်းလွယ်ကူတတ်လို့ပါ။ မြေဩဇာ ကျွေးပြီးတိုင်း ရေကို ဝအောင်သွင်းပေးရန် မမေ့ပါနှင့်။ ပေါင်းရမ်းစက်ဖြင့် ပေါင်းရှင်းခြင်းသည် အပင်ခြေရှိ အမြစ်နုလေးများကို မထိခိုက်စေရန် သတိပြုပါ။ အပင်ခြေအနီးတစ်ဝိုက်ကို လက်ဖြင့်သာ ပေါင်းရှင်းပေးခြင်းက အကောင်းဆုံးဖြစ်ပါသည်။

348,989 လွန်ခဲ့သော ၄ လ က

လက်ဝယ်ရှိတဲ့ဆေးအရ မန်ကိုဇက်နှင့် အဆီဖိတ်တွဲဖျန်းပါ၊

816 လွန်ခဲ့သော ၄ လ က

လက်ဝယ်ရှိနေတဲ့ ဆေးတွေက ပုံပါMC/ တဖြုတ်ဖြုတ်ရယ်/ Acephateရယ်/ Mancozeb ရှိပါတယ် ကိုက်စားပိုးအတွက်က ဘယ်ဆေးဝယ်ဖျန်းရမလဲဆရာ လတ်တလော(1လအတွင်းလောက်) ဖျန်းသင့်တဲ့ ဆေးplanက အကုန်လုံးအတွက်မေးတာပါ ဆရာ ဘယ်ဆေးကို ဘယ်နေ့မှာဖျန်းရမယ် တွဲဖျန်းလို့ရတဲ့ဆေးကိုလည်း ​ေပြာ​ပြ​ပေးပါ #နေ့ခင်းက မိုးကျထားတာဆိုတော့ မနက်ဖြန် ဘယ်လိုတွေစီစဥ်ဖျန်းလိုက်ရမလဲ ဆရာ #ကိုက်စားပိုးအတွက်ကလည်းရှိ #ပေါင်းရမ်းဒဏ်ရာ အပင်ကလည်းရှိ #မှင်စက်ကျမှာလည်း စိုး ဖျန်းရမယ့်အတွက်က များနေတော့ စဥ်ပေးပါအုံးဆရာ မသိတာဖြေပေးလို့ ကျေးဇူးပါဆရာ

348,989 လွန်ခဲ့သော ၄ လ က

ဒီဟာက ပထမဆုံးလPostမှာ မန့်ထားတယ့်ဖြေကြားချက်ပါ (စိုက်ခင်းက ကိုက်စားပိုးကျနေလို့ ပိုးသတ်ဆေးအရင်ဖျန်းပေးနိုင်ပါတယ်၊ မှိုရောဂါကတော့ မကျသေးလို့ကာကွယ်ချင်ပါက မန်ကိုဇက် သို့မဟုတ် Chlorothalonil မှို သတ်ဆေးတစ်မျိုးမျိုးကို၁၀-၁၅ရက်ခြားဖျန်း ပေးနိုင်ပါတယ်၊ ရောဂါကျပြီဆိုရင်တော့ရောဂါအလိုက်ဖျန်းရမည့်မှိုဆေးများညွှန်းပေးပါမယ်ခင်‌ဗျာ။)

348,989 လွန်ခဲ့သော ၄ လ က

မန်ကိုဇက်ဖျန်းလို့ရပါတယ်။ မန်ကိုဇက်ဟာ အပင်အပြင်ဘက်ကနေ မှိုရောဂါကာကွယ်ပေးတဲ့ မှိုသတ်ဆေးဖြစ်လို့ ဒဏ်ရာကတစ်ဆင့် မှိုရောဂါပိုးတွေ မဝင်အောင် အကာအကွယ်ပေးနိုင်ပါတယ်။ ဖျန်းရမည့်အပိုင်းကဒဏ်ရာရသွားတဲ့ ပင်စည်ကို အဓိကထားပြီး တစ်ပင်လုံးအနှံ့ (အရွက်ရော၊ ပင်စည်ရော) ဖျန်းပေးရပါမယ်။ ဒဏ်ရာရထားတဲ့နေရာကို ဆေးထိမိဖို့ အရေးကြီးပါတယ်။ Rotate planက မှိုဆေးအတွက်တောင်းတာထင်လို့ အောက်မှာဇယားပုံဖြင့်ပြပေးထားပါမယ်ခင်ဗျာ

816 လွန်ခဲ့သော ၄ လ က

ကျွန်တော်ပထမဆုံးတင်တဲ့ postမှာ မန့်ထားတာလေးတွေ ကြည့်ဖို့နှိပ်လိုက်ရင် မန့်မှာမပေါ်လို့ဆရာ copyယူပြီး ပို့ပေးလို့ရရင် ပို့ပေးပါအုံးလားဆရာ

816 လွန်ခဲ့သော ၄ လ က

ပေါင်းရမ်းရင်း အပင်နှစ်ပင်လောက် အနည်းငယ်နာသွားပါတယ်ဆရာ မှိုရောဂါမဝင်ဖို့ မန်ကိုဇက်..အဲ့အထုပ်ဖျန်းလို့ရလားဆရာ ဖျန်းရင် ဘယ်အပိုင်းတွေကို ရွေးချယ်ဖျန်းသင့်လဲ လတ်တလော ဖျန်းသင့်တဲ့ဆေးrotate plan လေး ပြောပြလို့ရရင် ပြောပြပေးပါလား အခုမှခြံစသင်ရတာဆိုတော့ နားမလည်သေးလို့ပါဆရာ ကြိုမသိထားတော့ မကာကွယ်နိုင်သလိုဖြစ်နေပါတယ် မသိတာကိုphဆက်မေးလို့ကောရလားဆရာ သိချင်တာလေးတွေ အလွယ်မေးလို့ရအောင်ပါဆရာ သင်စဆိုတော့ တကယ်ကိုအခက်တွေ့ရပါတယ်

You

ဆက်စပ်မေးခွန်းများ

စပျစ်သီးအကုန်မကြီးလာလို့ဘယ်လိုလုပ်ရမလဲခင်ဗျ

ဖြေကြားချက် 3 ခု

ပန်းရောင်(RG)အမျိုးအစားစပျစ် ကိုင်းကူးစိုက်ပျိုးထားပါတယ် အဖူး၊အပွင့် အထွက်တိုးဖို့နဲ့ ရောဂါကင်း အသီး၊အခိုင်...

ဖြေကြားချက် 1 ခု

အရွက် အညွန့်တွေ ပုံပါအတိုင်းဖြစ်နေပါတယ် ဘာဆေးဖျန်းသင့်လဲဗျ ခြံအတွက် ပိုး မှို ပေါင်း ဂရုစိုက်မှုလေးတွေ သိချင်...

ဖြေကြားချက် 5 ခု

ဘော်ဒိုဆေးရည်အတွက် ရေ၁၀၀လီတာဟာပိသာ၁၀၀နဲ့ညီပါသလားခင်ဗျ ရေတစ်လီတာ၆၀ ကျပ်သားလေက်ဘဲရှိမယ်ထင်ပါတယ်ခင်ဗျ

ဖြေကြားချက် 1 ခု

ဘော်ဒိုဆေးရည်အကြောင်းဖတ်ရလို့ မေးချင်တာပါ။ ဆေးကိုဒီအတိုင်းဖြန်းလို့ရပြီလား ရေနဲ့ရောစပ်ရသေးလားခင်ဗျ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။