အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
816
လွန်ခဲ့သော ၄ လ က · ရမည်းသင်း

ပေါင်းရှင်းပြီးပါပြီ နောက်တစ်ခါ ပေါင်းပြန်ထွက်လာရင် ခြံထဲ ပေါင်းမရှိအောင် ဘယ်လိုတွေဆောင်ရွက်သင့်လဲဗျ

စိုက်ပျိုး ဗဟုသုတ စပျစ်
Post image

ဖြေကြားချက် ၅ ခု

349,542 လွန်ခဲ့သော ၄ လ က

Glyphosate ဖျန်းမယ်ဆိုရင် အပင်ထိမှာစိုးရိမ်ရပါတယ်ခင်ဗျာ၊ဆေးစက်မထိအောင်သေချာဂရုစိုက်ဖျန်းပေးနိုင်မှအန္တရယ်ကင်းမှာမို့ မသုံးစွဲဖူးရင်တော့ ဓါးရမ်းစက်ဖြင့်သာ ရှင်းလင်းခြင်းကပိုသင့်တော်ပါလိမ့်မယ်၊ဆေးစက်စပျစ်ပင်ကို ထိလို့ကိုမရလို့ပါ၊အနည်းငယ်မျှထိရုံဖြင့်အပင်သေသွားနိုင်တာမို့ပါခင်ဗျာ၊အခုလိုပေါင်းသတ်ဆေးညွှန်းရတာကလည်း မိတ်ဆွေတောင်သူက မေးလို့သာဖြေကြားပေးရတာပါခင်ဗျာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ လ က

အသစ်ပြန်ထွက်လာတဲ့ပေါင်းကိုလည်း၊ထိုနည်းလည်းကောင်း ရှင်းပါ။ပေါင်းသတ်ဆေးဖျန်းရင်၊စပျစ်ပင်ထိခိုက်ပါလိမ့်မယ်။

816 လွန်ခဲ့သော ၄ လ က

အမည်းရောင်ပလတ်စတစ်စ ကို အပင်တန်းကြား ကျင်းအပြည့်(ဘောင်ကလွဲ..နေရာအပြည့်)ကို ပြောတာလားဆရာ မြေပေါ်မှာ အပြန့်လိုက်ခင်းလိုက်ရုံလား ဗဟုသုတပြန်မေးကြည့်တာပါ ဆရာ Glyphosate ဖျန်းမယ်ဆိုရင် အခုကနေ ဘယ်ရက်လောက်ကြာရင် ဖျန်းရမလဲဆရာ အခုမှ စိုက်ပျိုးရေးထဲစဝင်ရတာဆိုတော့ မသိတာတွေအတွက် အသေးစိတ်အစုံမေးရတာကို သိရှိနားလည်အောင် ပြန်လည်ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ စပျစ်ပင်ဗဟုသုတအစုံ ဖြေကြားရေးသားပေးတာကိုလည်း လိုက်နာမှတ်သားအသုံးချပါ့မယ်ဆရာ

349,542 လွန်ခဲ့သော ၄ လ က

စပျစ်စိုက်ခင်းမှာ ပေါင်းမြက်တွေကို ပေါင်းရှင်းစက်နဲ့ အခြေခံရှင်းလင်းပြီးပြီဆိုတော့ ပထမအဆင့်ကတော့ အောင်မြင်သွားပါပြီ။ ဒါပေမဲ့ ပေါင်းမြက်ဆိုတာက မျိုးစေ့ ဒါမှမဟုတ် အမြစ်ကြွင်းအကျန်ကနေ ပြန်ပေါက်တတ်စမြဲပါ။နောင်မှာ ပေါင်းမြက်တွေ ပြန်မပေါက်အောင် ဒါမှမဟုတ် ပေါက်နှုန်းအနည်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်တဲ့ ထိရောက်တဲ့ နည်းလမ်း (‌၃) မျိုးတော့ရှိပါတယ်။ ၁။ ရွေးချယ် ပေါင်းသတ်ဆေး အသုံးပြုခြင်း အပင်က အတန်ငယ် ကြီးနေပြီဖြစ်တဲ့အတွက် ပေါင်းပင်မပေါက်ခင် (Pre-emergence) သုံးတဲ့ ဆေးတွေအပြင် ပေါက်လာတဲ့ ပေါင်းပင်ကို သေစေတဲ့ ဆေးတွေကိုပါ သုံးလို့ရပါတယ်။ ပေါင်း ပင်မပေါက်ခင် (Pre-emergence)အသုံး ပြုရတဲ့Oxyfluorfen (အောက်ဆီဖလူအိုဖန်) လိုမျိုး ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒါက မြေကြီးပေါ်မှာ အလွှာပါးလေး ဖြစ်နေစေပြီး ပေါင်းစေ့တွေ အပင်မပေါက်အောင် တားဆီးပေးပါတယ်။ ပေါင်းပင်ပေါက်ပြီး (Post-emergence)မှအသုံးပြုချင်ရင်ကတော့ မြက်ပင်တွေ အရမ်းပေါက်လာရင် Fluazifop-p-butyl(ဖလူအာဇီဖော့) လိုမျိုး "မြက်သတ်ဆေး သီးသန့်" ကို သုံးလို့ရပါတယ်။ ဒါက စပျစ်ပင် (ရွက်ပြန့်) ကို မထိခိုက်စေဘဲ မြက်ကိုပဲ သေစေတာပါ။မြန်မာနိုင်ငံမှာတင်သွင်းထားခြင်းရှိမရှိတော့ကျွန်တော်မသိပါ။ ပင်စည်က အမာ မဖြစ်သေးခင်မှာ Glyphosate (ဂလိုင်ဖိုဆိတ်) လိုမျိုး ထိသမျှသေတဲ့ ဆေးမျိုးကို ပက်ဖြန်းမယ်ဆိုရင် စပျစ်ပင်ကို ဆေးအမှုန်မထိအောင် အကာကွယ်(Hood/Shield) အုပ်ပြီး အထူးဂရုစိုက် ပက်ဖြန်းရပါမယ်။ ၂။ ပလတ်စတစ်စဖြင့် မြေဖုံးခြင်း ပုံထဲကလို စင်တန်းတွေနဲ့ စိုက်ထားတာဖြစ်လို့ အပင်တန်းတစ်လျှောက်မှာ အမည်းရောင် ပလတ်စတစ်စ (Mulching Sheet)တွေကို ခင်းပေးတာက အမြဲတမ်းအတွက် စိတ်အချရဆုံးပါ။နေရောင်မရတဲ့အတွက် ပေါင်းလုံးဝ မပေါက်နိုင်တော့ပါ။ရေငွေ့ပျံမှုကို ထိန်းပေးလို့ ရေလောင်းရတာ သက်သာစေပါတယ်။ ၃။ ကောက်ရိုး သို့မဟုတ် မြက်ခြောက် အထူဖုံးခြင်း စပျစ်ပင်ခြေရင်း ပတ်ပတ်လည် (၃) ပေခန့်ကို ကောက်ရိုး ဒါမှမဟုတ် ပေါင်းရှင်းစက်နဲ့ ရှင်းထားတဲ့ မြက်ခြောက်တွေကို (၄-၅) လက်မခန့် အထူ ဖုံးအုပ်ထားပါ။ ဒါက ပေါင်းပင်တွေကို နေရောင်ခြည်မရအောင် ပိတ်ပင်ထားနိုင်ပါတယ်။ ပေါင်းအုပ်ဆေးဖျန်းတာထက်ကျွန်တော်ကတော့ စပျစ်ပင်က ပင်စည်အတော်လေးမာနေပြီဆိုရင်တော့ Glyphosateပေါင်းသတ်ဆေးကို အသုံးပြုသင့်ပါတယ်၊ စပျစ်ပင်ကို ဆေးမှုန်မစင်မိစေရန်တော့အထူးသတိပြုရပါမယ်ခင်ဗျာ။ အခြားဆရာများဆီမှာလည်းကျွန်တော့်ထက်ပိုကောင်းတဲ့အကြံများရှိနိုင်ပါတယ်၊ဖြေကြားပေးလိုက်ကြပါဦးခင်ဗျာ။

349,542 လွန်ခဲ့သော ၄ လ က

မေးခွန်းနှင့်မသက်ဆိုင်ပေမယ့်ဗဟုသုတဖြစ်ရန်ဖြေကြား ပေးခြင်းဖြစ်သည်။ မြန်မာအမည် - စပျစ် အင်္ဂလိပ်အမည် - Grape ရုက္ခဗေဒအမည် - Vitisspp မျိုးရင်းအမည် - Vitaceae နောက်ခံသမိုင်း အီဂျစ်နိုင်ငံတွင်ဘီစီ(၂၄၄၀)ခုနှစ်ကပင်စပျစ်ကိုစနစ်တကျစိုက်ပျိုးလာခဲ့သည်။ဥရောပတိုက်ရှိဂရိ၊ရောမနှင့်ပြင်သစ်နိုင်ငံတောင်ပိုင်းသို့ဘီစီ(၆၀၀)ခန့်ကပင်ဝိုင်စပျစ်ပင်များရောက်ရှိနေပြီဖြစ်ပါသည်။မြန်မာနိုင်ငံတွင်စပျစ်ပင်အားစနစ်တကျစိုက်ပျိုးခြင်းကိုလယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်ရှိမြေယာကျေးလက်ကြီးပွားရေးကော်ပိုရေးရှင်း(မြေကျေးရှင်း)မှကျောက်ပန်းတောင်းမြို့နယ်၊ဆည်ပေါက်ကျေးရွာရှိဆည်ပေါက်စပျစ်ခြံတွင်(၁၉၅၉)ခုနှစ်ကစတင်စိုက်ပျိုးရာမှစတင်ခဲ့ခြင်းဖြစ်ပါသည်။ မြေအမျိုးအစား စပျစ်ကိုစိမ့်စွဲသောမြေ၊ဆားငန်မြေမှအပမြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပါသည်။အပေါ်ယံမြေသားထူသောသဲနုန်းမြေသည်စပျစ်စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။မြေအချဉ်အငန်ဓါတ်pH(၅‒၈)ရှိသောမြေမှာစပျစ်စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ ရာသီဥတု စပျစ်သည်ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။မိုးရေချိန်လက်မ(၄၀)ထက်မပိုသောရွာသွန်းသည့်ဒေသများတွင်စိုက်ပျိုးရန်သင့်တော်သည်။လိုအပ်သောအချိန်တွင်သွင်းရေပေးနိုင်သောနေရာဖြစ်ရမည်။ မျိုးများ မြန်မာနိုင်ငံတွင်အဓိကအားဖြင့်စားစပျစ်(Table.Type)နှင့်ဝိုင်စပျစ်မျိုး(WineType)ဟူ၍နှစ်မျိုးစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံရှိအကောင်းဆုံးစားစပျစ်မျိုးများမှာ- (1) ItalyNo-3 (2)Big Black (3)Red Queen (4)RedGlobe (5)Cardinal (6)သီးချွန်းညို(Pizzutello-Nero) (7)အီတလီယားစသည်တို့ဖြစ်သည်။ ဝိုင်ထုတ်ရန်မျိုးများမှာ- (1)Syrah (red wine) (2)Chasselas (3)Dornfelder(red wine) (4)Tempranillo (5)Cabernet sauvignon(red wine) (6)Sauvignon blanc (white wine) စိုက်စနစ်ရွှေးချယ်ခြင်း (၁)စင်တင်စိုက်ပျိုးနည်း(arbor system) ပင်ကြား×တန်းကြား(7.5'×7.5') တစ်ဧကဝင်ဆံ့ပင်ရေ -၇၇၄ပင် (၂) Y-ပုံစံစိုက်ပျိုးနည်း(Y-System) ပင်ကြား×တန်းကြား (5'×9') တစ်ဧကဝင်ဆံ့ပင်ရေ -၉၆၈ပင် (၃) T-စိုက်ပျိုးနည်း(T-System) ပင်ကြား×တန်းကြား (5'×11') တစ်ဧကဝင်ဆံ့ပင်ရေ -၇၉၂ပင် (၄)လေးကိုင်းတန်းတင်စိုက်ပျိုးနည်း(Kniffin System) ပင်ကြား×တန်းကြား (5'×9') တစ်ဧကဝင်ဆံ့ပင်ရေ -၉၆၈ပင် (၅)ပင်ထောင်စိုက်ပျိုးနည်း(Head training System) ပင်ကြား×တန်းကြား(12'×6') တစ်ဧကဝင်ဆံ့ပင်ရေ -၆၀၅ပင် စိုက်ပျိုးခြင်း (၂)ပေပတ်လည်စိုက်ကျင်းကိုတစ်လကြိုပြင်ပါ။စိုက်ကျင်းထဲသို့နွားချေး၊မြေဆွေးနှင့်(၁၅:၁၅:၁၅)ကွန်ပေါင်းမြေသြဇာ(၁၀၀‒၂၀၀)ဂရမ်ထည့်ပါ။မြေအောင်းပိုးသတ်ဆေးကိုစိုက်ကျင်းတစ်ကျင်းလျှင်(၁၀)ဂရမ်ထည့်ပါ။(၁လခွဲ၂လ)သားပျိုးပင်များကိုစိုက်ကျင်းတစ်ကျင်းလျှင်တစ်ပင်နှုန်းစိုက်ပါ။ အပင်ပြုစုခြင်း ရေကို(၃‒၅)ရက်ခြား(၁)ကြိမ်လောင်းပါ။အပင်ငယ်စဉ်တွင်(၁၅:၁၅:၁၅)နှင့်ပုလဲဓာတ်မြေသြဇာဆတူရော၍တစ်ပင်လျှင်(၁၀)ဂရမ်နှုန်းတစ်ပတ်တစ်ကြိမ်စင်ပေါ်မရောက်ခင်ကျွေးပါ။ပင်ခြေပေါင်းရှင်းခြင်းကိုအမြဲမပြတ်ဆောင်ရွက်ပါ။စိုက်ပြီးနှစ်ပတ်သားတွင်အပင်ဘေးနားကပ်၍ တိုင်ထောင်ကြိုးချည်ပေးပါ။မလိုအပ်သောကြားအညွန့်များကိုခြွေပစ်ပါ။စိုက်ပြီး(၂)လခွဲ(၃)လစပျစ်ပင်စင်ပေါ်ရောက်ချိန်တွင်ခေါင်နှိမ်၍သီးကိုင်းမွေးပါ။အနည်းဆုံးသီးကိုင်း(၂၀‒၃၀)ရအောင်မွေးပါ။ သီးကိုင်းဖြတ်ခြင်း စပျစ်ပင်ကိုများသောအားဖြင့်သီးကိုင်းမွေးချိန်(မတ်လ‒ဧပြီလ)ကိုင်းဖြတ်ရာတွင်စပျစ်ကိုင်းကို(၁)ဆစ်မှ(၃)ဆစ်ချန်၍ကိုင်းဖြတ်ပြီး၊အသီးယူချိန်(အောက်တိုဘာ‒နိုဝင်ဘာလ)ကိုင်းဖြတ်ချိန်တွင်စပျစ်ကိုင်းကို(၃‒၈)ဆစ်အထိချန်၍ကိုင်းဖြတ်ပေးရန်လိုအပ်သည် အပင်ပြုစုခြင်း( သီးကိုင်းဖြတ်ခြင်း) ကိုင်းဖြတ်ပြီး(၇‒၁၀)ရက်အတွင်းအညွန့်ဖူးBudလေးများစတင်ထွက်လာသည်။ထိုအချိန်တွင်GibberellicAcid(GA3)ကိုရာသီဥတုအပူအအေးပေါ်မူတည်၍ဖျန်းပေးပါ။ရာသီအေးလွန်းလျှင်(GA3)ကိုတစ်ပတ်နှစ်ကြိမ်ဖျန်းပါ။ကိုင်းဖြတ်ပြီး(၁၅‒၁၈)ရက်သားအညွန့်အဖူးစုံချိန်တွင်ပုလဲမြေသြဇာကိုတစ်ပင်လျှင်နို့ဆီ(၁)ဘူးနှုန်းထည့်၍ရေများများလောင်းပါ။ကိုင်းဖြတ်ပြီး(၂၅)ရက်သားတွင်မလိုအပ်သောအညွန့်အတက်များကိုခြွေပစ်ပါ။ကိုင်းဖြတ်ပြီး(၁)လသားတွင်ပန်းစပွင့်ပြီးတစ်ပတ်အတွင်းပန်းပွင့်စုံသည်။ကိုင်းဖြတ်ပြီး(၂)လသားတွင်မလိုအပ်သောအညွန့်များကိုခြွေပစ်ပါ။အပင်အားဆေးနှင့်ရွက်ဖျန်းမြေသြဇာများကိုသီးကိုင်းဖြတ်ပြီး(၁၅‒၂၀)ရက်သားမှစ၍နှစ်ပတ်တစ်ကြိမ်(၂)လခွဲသားအထိဖျန်းပါ။(၆၅)ရက်သားတွင်သီးညှပ်ခြွေပါ။ကိုင်းဖြတ်ပြီး(၁၅)ရက်သားမှစ၍တစ်ပတ်တစ်ကြိမ်အသီးရင့်သည်အထိရေလောင်းပါ။ပန်းပွင့်ချိန်သည်ရေ နှင့်အစိုဓာတ်အလိုအပ်ဆုံးအချိန်ဖြစ်သဖြင့်ရေကိုဂရုစိုက်လောင်းပါ။ပန်းပွင့်ချိန်မိုးရွာလျှင်အပွင့်များပျက်စီးတတ်သဖြင့်ရာသီဥတုနှင့်ချိန်ညှိ၍ကိုင်းဖြတ်ပေးရသည်။ မြေဩဇာထည့်သွင်းခြင်း သီးကိုင်းမဖြတ်မီတစ်လကြိုတင်၍ နွားချေးမြေသြဇာကို တစ်ပင်လျှင် တစ်တင်းနှုန်းထည့်ပါ။သီးကိုင်းမဖြတ်မီ(၇‒၁၀) ရက်ကြိုတင်၍(၁၅:၁၅:၁၅)ကွန်ပေါင်းမြေသြဇာကိုတစ်ပင်လျှင်နို့ဆီဗူး(၁‒၂)ဗူးနှုန်းထည့်ပြီးရေလောင်းပါ။ အညွန့်အဖူးစုံချိန်(၁၅)ရက်သားခန့်တွင်ပုလဲမြေသြဇာကိုတစ်ပင်လျှင်နို့ဆီဗူး(၁)ဗူးနှုန်းထည့်၍ရေလောင်းပါ။သီးကင်းစ(၄၅)ရက်သားတွင်တစ်ကြိမ်၊ (၆၅‒၇၀)ရက်သားတွင်တစ်ကြိမ်(၁၅:၁၅:၁၅ ) ကွန်ပေါင်းမြေသြဇာကိုကျွေးပါ။ ပိုးမွှားရောဂါ စပျစ်ကိုင်းဖြတ်ပြီးအညွန့်အဖူးထွက်ချိန်တွင်ကျိုင်းကောင်ငယ်များကျရောက်တတ်သည်။အဖူးဖူးချိန်နှင့်ပွင့်သီးချိန်တို့တွင်ခြစ်စားပိုးနှင့်သီးလုံးဖောက်ပိုးများကျရောက်တတ်သည်။အသီးရင့်မှည့်စတွင်ပျနှင့်မွှားပင့်ကူနီတို့ကျရောက်တတ်သည်။စပျစ်တွင်အဓိကကျရောက်သောရောဂါများမှာမှဲ့ပြောက်စွန်း၊ဒေါင်းနီးမှိုနှင့်ဖားဥမှိုရောဂါတို့ဖြစ်သည်။ကိုင်းဖြတ်ပြီး(၁၅)ရက်မှ(၄၅)ရက်သားအတွင်းသီးကိုင်းမရင့်မှီနှင့်အရွက်နုချိန်တို့တွင်မိုးများ၊မိုးစွေနေလျှင်(သို့)နှင်းခါးကျရောက်လျင်မှဲ့ပြောက်စွန်းရောဂါဆိုးရွားစွာကျရောက်တတ်သည်။လေထုစိုထိုင်းဆနည်း ချိန်တွင် ဖားဥမှို ရောဂါကျရောက်တက်သည်။ သီးကင်းဝင်စ (၄၀/၄၅)ရက်သားမှ ရက်(၉၀)အသီးမှည့်ခါနီးအချိန်ထိဖားဥမှိုရောဂါကျရောက်နိုင်သည်။သီးကိုင်းမဖြတ်မီအပင်ပေါ်ရှိအရွက်များမကြွေကျစေရန်နှင့်အညွန့်သစ်များထပ်မံ၍မထွက်လာစေရန်အတွက်ဘော်ဒိုဆေးရည်ကို(၅:၅:၅၀)(သို့)(၈:၈:၅၀)နှုန်းဖြင့်ပက်ဖျန်းပေးရသည်။ရောဂါမကျရောက်စေရန်အတွက်ဘော်ဒိုဆေးရည်ကိုပန်းပွင့်ချိန်မှလွဲ၍ပက်ဖျန်းပေးနိုင်သည်။ အသီးဆွတ်ခူးချိန် ကိုင်းဖြတ်ပြီး(၃)လခွဲတွင်စတင်ရင့်မှည့်သည်။(၄လ‒၄လခွဲ)တွင်သီးခိုင်တစ်ခုလုံးအမှည့်အရောင်ညီလျှင်ဆွတ်ခူးနိုင်သည်။မိုးတွင်းကာလတွင်ရင့်မှည့်ချိန်စောပြီးဆောင်းကာလတွင်ရင့်မှည့်ချိန်နောက်ကျသည်။အသီးဆွတ်ခူးချိန်သီးခိုင်အတွင်းရှိမလိုအပ်သောလုံးပိန်လုံးညှပ်များကိုခြွေပေးရသည်။ဆွတ်ခူးပြီးသောအသီးများကိုဂျပ်ဖာများ(သို့)ပလပ်စတစ်ခြင်းများတွင်ဖော့(သို့)စက္ကူများခံ၍သေချာစွာထုတ်ပိုးပြီးစျေးကွက်သို့တင်ပို့ရသည်။စပျစ်သီးကိုပုံမှန်အခန်းအပူချိန်တွင်ထားပါက(၃‒၅)ရက်ထိထားနိုင်ပြီးရေခဲသေတ္တာထဲထားပါက(၅‒၁၀)ရက်ထိထားနိုင်သည်။(၀°C)(၁°C)တွင်သိုလှောင်သိမ်းဆည်းထားပါက(၆)လအထိထားရှိနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ချွန်းကူးထားတာပါ စင်ပေါ်ရောက်ပါပြီ ​ပေါင်းအတွက် ပေါင်းရမ်းစက်နဲ့စပြီးရှင်းနေပါတယ် ပေါင်းပြန်ထွက်လာတဲ့အချိန် ဘာ...

ဖြေကြားချက် 7 ခု

အရွက် အညွန့်တွေ ပုံပါအတိုင်းဖြစ်နေပါတယ် ဘာဆေးဖျန်းသင့်လဲဗျ ခြံအတွက် ပိုး မှို ပေါင်း ဂရုစိုက်မှုလေးတွေ သိချင်...

ဖြေကြားချက် 5 ခု

ဘော်ဒိုဆေးရည်အတွက် ရေ၁၀၀လီတာဟာပိသာ၁၀၀နဲ့ညီပါသလားခင်ဗျ ရေတစ်လီတာ၆၀ ကျပ်သားလေက်ဘဲရှိမယ်ထင်ပါတယ်ခင်ဗျ

ဖြေကြားချက် 1 ခု

ပင်ဆွေးမြစ်ဆွေးကိုဘယ်လိုကုသရပါသလဲဆရာ ကျေးဇူးပါ

ဖြေကြားချက် 2 ခု

ပိုးသတ်ဆေး မှိုသတ်ဆေး နဲ့ အားဆေးတို့ဖျန်းတဲ့အခါ ဘယ်ဆေးတွေက တွဲဖျန်းလို့ရပြီး ဖျန်းတဲ့အခါ ဘယ်ဆေးတွေက ဘယ်အချိန်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။