အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄ လ က · ပန်းတနော်

ပုံပါ အတိုင်း စပါးပင်တွေက ဖြစ်နေတာ ဘာကြောင့်လဲဗျ သိရင်ဖြေကြား ပေးပါအုံးခင်ဗျာ

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၄ ခု

348,957 လွန်ခဲ့သော ၄ လ က

ရောဂါပိုးအမည် ‒ စပါးပင်စည်ပုပ်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒Helminthosporium sigmoideum (Magnaporthesalvinii ) ကာကွယ်နှိမ်နှင်းနည်း အထူးသဖြင့် အပင်ယိုင်လဲမှုမရှိသောမျိုးများကိုအသုံးပြုရမည်။ ရိတ်သိမ်းပြီးကောက်ရိုး၊ရိုးပြတ်နှင့်ပင်ကြွင်းပင်ကျန်များကိုမီးရှို့ရမည်။ ရေမသွင်းမီမြေကိုပတ်ကြားအက်အောင်ထားပြီးမှရေသွင်းပါ။ နိုက်ထရိုဂျင်နှင့်ဖော့စဖော့ရပ်ဓါတ်မြေသြဇာကိုလွန်ကဲစွာအသုံးမပြုရန်နှင့်ရောဂါပြင်းထန်မှုလျော့နည်းပိုတက်စီ ယမ်မြေသြဇာကိုထည့်သွင်းပေးပါ။ေရာဂါကျစပါးခင်းများကိုဖြတ်၍ ရေသွင်းရေထုတ် မပြုလုပ်မိစေရန် ဂရုစိုက်ပါ။ ပင်ပွားထွက်ချိန်တွင် ရေနက်နက်သိုလှောင်ထားခြင်းကိုရှောင်ပါ။ ရေကိုလုံလောက်ရုံသာပေးသွင်းထားခြင်းဖြင့်ဤရောဂါကိုကာကွယ်နိုင်သည်။ - အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ (က) Propiconazole (ပရိုပီကိုနာဇိုး) ( ခ ) Chlorothalonil (ကလိုရိုသာလိုနေး) ( ဂ ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) (ဃ) Benomyl (ဘီနိုမိုင်း)

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

ရေသွင်း၊ရေထုတ်ပုံမှန်မလုပ်နိုင်လို့၊အမြစ်ပုပ်၊ပင်စည်ပုပ်ရောဂါဝင်တယ်လို့မြင်ပါတယ်။အဇိုဇီစထရိုဘင်+ဖို့စတိုင်းအလူမိနိယံဖျန်းပါ။

66 လွန်ခဲ့သော ၄ လ က

အမြစ်သံကျေးတက်/အမြစ်ပိုးဝင်

52 လွန်ခဲ့သော ၄ လ က

မြစ်ပိုးကျနေလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။