အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
75
လွန်ခဲ့သော ၄ လ က · မိတ္ထီလာ

ဖရဲစိုက်ချင်တယ် ဘယ်မျိုးစေ့နဲ့ ဘယ်အချိန်မှာစိုက်ရမလဲဗျ

စိုက်ပျိုးနည်း ဖရဲ

ဖြေကြားချက် ၂ ခု

347,513 လွန်ခဲ့သော ၄ လ က

ဖရဲကို ဒီလိုစိုက်ပါ ဒီဆောင်းပါးမှာလည်းလေ့လာကြည့်ပါဦး

347,513 လွန်ခဲ့သော ၄ လ က

မိတ္ထီလာမြို့နယ်ဟာ အပူပိုင်းဒေသဖြစ်တဲ့အတွက် ဖရဲကို ဆောင်းရာသီ နဲ့ နွေဦး ကာလတွေမှာ အဓိကထား စိုက်ပျိုးကြပါတယ်။ အောက်တိုဘာ/နိုဝင်ဘာ ဒီအချိန်ဟာ အညာဒေသမှာ ဖရဲစိုက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ဇန်နဝါရီလောက်မှာ အသီးစတင်ခူးဆွတ်နိုင်ပါတယ်။ဇန်နဝါရီ/ဖေဖော်ဝါရီလမှာကနွေဖရဲအဖြစ် စိုက်ပျိုးနိုင်ပြီး ဧပြီလ (သင်္ကြန်ကာလ) မှာ ရိတ်သိမ်းနိုင်ပါတယ်။ ဒါပေမဲ့ နွေရာသီမှာ ရေသွင်းနိုင်ဖို့ ရေအရင်းအမြစ် (ဥပမာ- ကန်ရေ သို့မဟုတ် မြေအောက်ရေ) သေချာရှိဖို့ လိုအပ်ပါတယ်။ မျိုးတွေကတော့ ကျောက်စိမ်းမျိုး (Green Jade)ကအညာဒေသရဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိပြီး အသားကျစ်ကာ အချိုဓာတ်များတဲ့အတွက် ဒေသတွင်းဈေးကွက်မှာ ရောင်းပန်းလှပါတယ်။ 855 ဖရဲမျိုးက တရုတ်ဈေးကွက်ကို တင်ပို့ဖို့ ရည်ရွယ်ရင်တော့ ဒီမျိုးက အကောင်းဆုံးပါ။ဒုံးကျည်ဖရဲကအခွံပါးပြီး အသားနီရဲတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ လူကြိုက်များပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။