အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
756
လွန်ခဲ့သော ၄ လ က · နတ်မောက်

ပဲစိုက်ခင်းမှာ ခါးရိပိုး၀င်တာဘယ်လိုကုသရမှာပါလဲဗျာနောက်ပီးတော့ သဘာ၀ပိုးသတ်ဆေးနွားသေးအကြောင်းလဲပဲခင်းမှာဘယ်လို...

ပဲစိုက်ခင်းမှာ ခါးရိပိုး၀င်တာဘယ်လိုကုသရမှာပါလဲဗျာနောက်ပီးတော့ သဘာ၀ပိုးသတ်ဆေးနွားသေးအကြောင်းလဲပဲခင်းမှာဘယ်လိုသုံးရတာလဲရှင်းပြပေးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးဖွဲဖွဲရွာ
ပိုးမွှားရောဂါ မြေပဲ

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

နွားသေးကို အသုံးပြုခြင်းက ပိုးမွှားတွေကို ပြေးစေရုံသာမက အပင်ကိုလည်း သန်စွမ်းစေတဲ့ ရွက်ဖျန်းမြေသြဇာ အာနိသင်ပါ ရရှိစေပါတယ်။ နွားသေးကို လတ်လတ်ဆတ်ဆတ် သုံးနိုင်သလို၊ ပုလင်းထဲထည့်ပြီး (၂) ပတ်ခန့် နေလှန်းထားရင် အာနိသင်ပိုထက်မြက်စေပါတယ်။ (၃) ပတ်ခန့် အချဉ်ဖောက်ထားတာက ပိုကောင်းပါတယ်။ဖျော်စပ်ပုံက (ပဲခင်းအတွက်) နွားသေး (၁) ဆကို ရေ (၁၀) ဆ မှ (၂၀) ဆ အထိ ရောစပ်နိုင်ပါတယ်။ဥပမာ- ရေ (၄) ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးအတွက် နွားသေး (၂၀၀) စီစီ (နို့ဆီဘူး တစ်ဝက်ခန့်) ရောစပ်အသုံးပြုနိုင်ပါတယ်။ နေပြင်းချိန်မှာ မဖျန်းရပါ။ ညနေပိုင်း အေးချိန်မှာ ဖျန်းပေးတာက အထိရောက်ဆုံးပါ။ပဲခင်းကို (၁) ပတ် သို့မဟုတ် (၁၀) ရက် တစ်ကြိမ် ပုံမှန်ဖျန်းပေးခြင်းဖြင့် ပိုးမွှားကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ပထမမေးခွန်းက ပိုး မေးတာလားရောဂါ မေးတာလားမသိလို့ ပုံတင်မေးပေးပါခင်ဗျာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

အပင်ပုံရိုက်ပြပြီးမေးပါ။ပိုးလား၊ရောဂါလား၊ကွဲပြားမှ ဆေးညွှန်းလို့ရမှာပါ။နွားသေးကိုတော့၊ရေ ၁၀တရောပြီးအရွယ်မရွေးဖျန်းနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။