အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,549
လွန်ခဲ့သော ၄ လ က · ငပုတော

ammonium sulfate မြေဩဇာက စပါးအတွက်သီးသန့်လားဆရာ တခြား ဟင်းသီးဟင်းရွက်ပင်တွေမှာထည့်တာ အပင်လောင်လို့ပါဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
အပင်အာဟာရ စပါး ဆေးဖျန်းနည်း
Post image

ဖြေကြားချက် ၅ ခု

347,513 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ပုလဲက ရာခိုင်နှုန်း ၄၆% ရှိပေမယ့် Ammonium Sulphate ၏ ဆားဓာတ်အညွှန်းကိန်း (Salt Index) သည် ၃.၂၅ ရှိပြီး၊ ပုလဲ (Urea) ၏ အညွှန်းကိန်းမှာ ၁.၆၁ သာ ရှိပါသည်။ ထို့ကြောင့် ဆာလ်ဖာပါသောမြေဩဇာက ပုလဲထက် ၂ ဆ ပိုပြင်းပြီး အပင်ကို ပိုမိုလောင်ကျွမ်းစေခြင်း ဖြစ်ပါတယ်။ပုလဲသည် မြေထဲတွင်အပင်စားနိုင်ရန် ပုံစံပြောင်းရန် ၃ ရက်ခန့် အချိန်ယူရသော်လည်း၊ ဆာလ်ဖာမြေဩဇာသည် ရေနှင့်ထိသည်နှင့် ဓာတ်ဆားများ ချက်ချင်းကွဲထွက် ပျော်ဝင်သဖြင့် အမြစ်ကို ချက်ချင်းလောင်စေပါတယ်။စပါးခင်းသည် ရေအမြဲရှိနေသဖြင့် ဆားဓာတ်ကို ရေက ပြင်းအား လျှော့ချပေးတာ ကြောင့်မလောင်တာပါ။ ကန်စွန်းနှင့် ချဉ်ပေါင်ခင်းများမှာက ကုန်းမြေဖြစ်ပြီး ရေပမာဏ စပါးခင်းလောက် မများသဖြင့် ချက်ချင်းလောင်ရခြင်း ဖြစ်ပါတယ်။ လက်ရှိ လောင်နေသော ကန်စွန်းနှင့် ချဉ်ပေါင်ခင်းများကို ရေများများ အမြန်ဆုံး သွင်းလောင်းပေးခြင်း ဖြင့် မြေဆီလွှာထဲမှ ပိုလျှံနေသော ဆားဓာတ်ပြင်းအားကို လျှော့ချပါ။နောင်တွင် ဟင်းသီးဟင်းရွက်၌ ၎င်းမြေဩဇာကို သုံးစွဲပါက ပုလဲကျွေးသည့် ပမာဏထက် ထက်ဝက်ခန့် လျှော့ချကျွေးကြည့်ပါ။အပင်ခြေနှင့် ၄ လက်မခွာ၍ ကျွေးရန် နှင့် ကျွေးပြီးလျှင် ပုံမှန်ထက် ရေကို ၂ ဆ ပိုမိုလောင်းပေးရန် လိုအပ်ပါတယ်ခင်ဗျာ။ရွှေနဂါးကုမ္မဏီက ဝန်ထမ်းတွေက တောင်သူတွေ နှုန်းထားမှန်ကန်စွာ အသုံးမပြုတတ်ရင် သီးနှံလောင်တာဖြစ်မှာစိုးရိမ်လို့ စပါးအတွက်သီးသန့်လို့ ဖြေကြားပေးတာဖြစ်နိုင်ပါတယ်ခင်ဗျာ၊ အဓိက ကတော့ သီးနှံလောင်ခြင်းဟာနှုန်းထားမမှန်ကန်ခြင်းနှင့် ရေမရှိခြင်းကြောင့်ဖြစ်ပါတယ်ခင်ဗျာ။နားလည်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်လို့ သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

1,549 လွန်ခဲ့သော ၄ လ က

နားလည်ပါပြီဆရာ

1,549 လွန်ခဲ့သော ၄ လ က

ကန်စွန်းခင်း ချဉ်ပေါင်ခင်းမှာ ကြဲပက်ပြီး ရေလောင်းပါတယ် ပုလဲသီးသန့်ပက်တာက အပင်မလောင်ဘူးဆရာ နှုန်းထားအနေနဲ့က ပုလဲသီးသန့်ပက်တဲ့နှုန်းထားနဲ့အတူတူပါဘဲ ပုလဲသီးသန့်က နိုက်တြိုဂျင် 46%ပါတော့ ပိုမပြင်းဘူးလားဆရာ ဆာလ်ဖာက လောင်စေတာလားဆရာ ရွှေနဂါးကုမ္ပဏီကိုမေးကြ ့်တော့ စပါးအတွက်သီးသန့်ထုတ်ထားတာပါလို့ ပြေ ပါတယ်ဆရာ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ လ က

စပါးသီးသန့်မဟုတ်ပါ။ဟင်းသီး/ရွက်လည်း သုံးနိုင်ပါတယ်။အပင်လောင်တာက အစာကျွေးနည်း/နုန်းထား စနစ်မမှန်လို့ပါ။

347,513 လွန်ခဲ့သော ၄ လ က

Urea Ammonium Sulphate (N:27%, S:18%) မြေဩဇာကို ဟင်းသီးဟင်းရွက်များတွင် အသုံးပြုနိုင်ပါတယ်။ အပင်လောင်ရခြင်းမှာ မြေဩဇာ မသင့်တော်၍မဟုတ်ဘဲ သုံးစွဲပုံစနစ်မကျခြင်း ကြောင့်ဖြစ်နိုင်ပါတယ်။ အပင်လောင်ရသည့် အဓိကအကြောင်းရင်းများကပမာဏများစွာသုံးစွဲမိခြင်းကြောင့် နိုက်ထရိုဂျင်ဓာတ် အလွန်မြင့်မားသဖြင့်ဟင်းသီးဟင်းရွက်ပင်များ ဓာတ်ဆားလောင်ခြင်း။ မြေဩဇာ စေ့များ အရွက်ပေါ်ကျခြင်း သို့မဟုတ် အပင်ခြေနှင့် တိုက်ရိုက်ထိမိခြင်း။ မြေဩဇာကျွေးပြီးနောက် ရေချက်ချင်း ဝဝမလောင်းသဖြင့် အမြစ်များ လောင်ကျွမ်းခြင်း တို့ဖြစ်ရတာပါ။ လောင်နေသောအပင်များကို ရေများများ အမြန်ဆုံးသွန်းလောင်းပေးပြီး ပိုလျှံနေသော ဆားဓာတ်များကို စီးဆင်းပါ သွားနိုင်ရန်အတွက်ပါ။ဟင်းသီးဟင်းရွက်အတွက် ၁ ဧကလျှင် နှုန်းထား၂၀-၃၀ ကီလိုဂရမ် (သို့မဟုတ်) အပင်တစ်ပင်လျှင် ဟင်းစားဇွန်း ၁ ဇွန်းခန့်သာ ကျွေးရန်။ကျွေးရာမှာသတိပြုရမှာကအပင်ခြေမှ ၄ လက်မ မှ ၆ လက်မ ခွာ၍ ကျွေးရမည်ဖြစ်ပြီး ကျွေးပြီးချက်ချင်း ရေလောင်းပေးရပါမယ်။ အပင်ငယ်ရင် ငယ်သလို နှုန်းထားကို အနည်းဆုံးဖြင့် ရက်သတ္တပတ် ခနခနအကြိမ်ခွဲကျွေးခြင်းက အမှန်ကန်ဆုံးနည်းလမ်းပါခင်ဗျာ၊မိတ်ဆွေက နှုန်းထားဘယ်လိုကျွေးလို့လောင်ရပါသလဲ၊အသုံးပြုသည့်သီးနှံကဘာလဲခင်ဗျ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။