အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
82
လွန်ခဲ့သော ၄ လ က · မြန်အောင်

စပါး အထွက်တိုးအောင် ဘယ်နည်းသုံးသင့်လဲ?

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၄ လ က

၁။ မျိုးကောင်းမျိုးသန့်သုံးပါ - မိမိဒေသရေမြေနဲ့ ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်တဲ့ မျိုးသန့်ကိုပဲ ရွေးချယ်စိုက်ပျိုးပါ။၂။ ပျိုးသက်မလွန်ပါစေနဲ့ - ပျိုးသက်နုပျိုချိန် (၂၀-၂၅ ရက်) အတွင်းမှာပဲ ရွှေ့ပြောင်းစိုက်ပျိုးပါ။ တစ်ကျင်းကို ၂ ပင်ထက် ပိုမစိုက်ပါနဲ့။၃။ မြေဩဇာကို ခွဲကျွေးပါ - ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်ကို တစ်ကြိမ်တည်းမကျွေးဘဲ ပင်ပွားထွက်ချိန်နဲ့ ဖုံးစာကျွေးချိန် (အနှံမအောင်မီ) တွေမှာ အချိန်ကိုက် အချိုးကျ ခွဲကျွေးပေးပါ။၄။ အလှည့်ကျ ရေသွင်းရေထုတ်လုပ်ပါ - စပါးခင်းကို ရေအမြဲလှောင်မထားဘဲ ပင်ပွားထွက်ချိန်မှာ ရေစစ်ထုတ်ပေးရင် အမြစ်လေရပြီး ပင်ပွားပိုထွက်စေပါတယ်။ အနှံထွက်ချိန်နဲ့ နို့ရည်တည်ချိန်မှာတော့ ရေမပြတ်ပါစေနဲ့။၅။ ပေါင်းနဲ့ ပိုးမွှားကြိုတင်ကာကွယ်ပါ - ပထမ (၃) ပတ်အတွင်း ပေါင်းမြက်ကို စင်အောင်နှိမ်နှင်းပါ။ ဆစ်ပိုး၊ ဖြုတ်ပိုးနဲ့ မှိုရောဂါတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး လိုအပ်ရင် ဆေးညွှန်းအတိုင်း မှန်မှန်ကန်ကန် ပက်ဖျန်းပေးပါ။ဒီအချက်တွေကို စနစ်တကျ လုပ်ဆောင်ပေးရင် အထွက်နှုန်း သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်ခင်ဗျာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

အထွက်တိုးရေးနည်းလမ်း၁၀ချက်ရှိပါတယ်။ ၁။အထွက်ကောင်းမျိုးသန့်အသုံးပြုပါ။၂။ထွန်ရေးညက်ညက်ပြင်ပါ။၃။ကောက်ကွက်မှန်ပါစေ။၄ ပျိုးသက်နုနုစိုက်ပါ။၅/၆သဘာဝ+ဓာတ်မြေဩဇာလုံလောက်အောင်ထည့်ပါ။၇။အချိန်မီပေါင်းရှင်းပါ။၈။ရေသွင်း၊ရေထုတ်မှန်ပါစေ။၉။ပိုး/ရောဂါ စနစ်တကျကာကွယ်ပါ။၁၀။အလေအလွင့်မရှ်အောင်ရိတ်သိမ်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။