အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,135
လွန်ခဲ့သော ၄ လ က · ပေါက်ခေါင်း

ဆရာတို့ခင်ဗျာ.. ကျွန်တော်ခဝဲသီး ပုံမှာပြထားတဲ့အတိုင်းဖြစ်နေလို့ပါ..ဘာဖြစ်တာလဲသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂ ရက်
ပိုးမွှားရောဂါ ခဝဲသီး
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ လ က

အပင်ရောပြမှ ၊အဖြေရှာရတာ လွယ်မှာပါ။အသီးလေးတွေ ပုပ်တာက၊ပိုးကြောင့်/ရောဂါကြောင့်/အာဟာရကြောင့်/ရာသီဥတုကြောင့်/ဓာတုဆေးကြောင့် အမျိုးမျိုးရှိတယ်ကွဲ့။

347,513 လွန်ခဲ့သော ၄ လ က

ပိုးကြောင့်လား သိနိုင်ရန် - ဝါနေတဲ့ အသီးကင်းလေးတွေကို ဓားနဲ့ အလယ်ကနေ လှီးကြည့်ပါ။ အထဲမှာ ပိုးလောက်ကောင်လေးတွေ တွေ့ရရင်တော့သီးထိုးယင်ကောင်ကျတာ ဖြစ်ပါတယ်။ -အဝါရောင်ထောင်ချောက် ဆွဲပေးရပါမယ်။ ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပေးရပါမယ်။ ရောဂါကြောင့်လား သိနိုင်ရန် - လတ်တလော မိုးခဏခဏရွာပြီး စိုက်ခင်းထဲ ရေဝပ်/စိုထိုင်းဆများနေရင်တော့ မှိုကြောင့်ဖြစ်တဲ့ အသီးပုပ်ရောဂါဖြစ်နိုင်ပါတယ်။ အသီးပုပ်တွေ ခြံပြင်ဆွဲထုတ်ဖျက်ဆီးပြီး မန်ကိုဇက်ဘ် (Mancozeb) ကဲ့သို့ မှိုသတ်ဆေး ဖျန်းပေးပါ။ အထက်ပါ (၂) ချက်စလုံး မဟုတ်ဘဲ အသီးကင်းတွေ အကုန်လုံး ဝါကြွေနေရင် ကယ်လ်ဆီယမ်နဲ့ ဘိုရွန်ဓာတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ - ကယ်လ်ဆီယမ်-ဘိုရွန် (Calcium-Boron)ပါ ရွက်ဖျန်းမြေသြဇာ ဖျန်းပေးပါ။အပင်ရဲ့ အရွက်တွေမှာပါ အဝါကွက်တွေ ရှိ၊ မရှိနဲ့ စစ်ဆေးလို့ရရှိတဲ့ အခြေအနေလေးကို ကွန်မန့်မှာ ပြန်လည်ဆွေးနွေးပေးပါဦးခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေချဥ်ကို ဆားကြမ်းသုံးလို့အဆင်ပြေနိုင်လား

ဖြေကြားချက် 2 ခု

ဆရာတို့ခင်ဗျာ..ကျွန်တော်စိုက်ပျိုးထားတဲ့ခဝဲ...ပုံမှာပြထားတဲ့အတိုင်းဖြစ်နေတယ်..ဘယ်လိုပြုပြင်ရမလဲပြောပေးပါဦး

ဖြေကြားချက် 4 ခု

ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းမှာ လာမယ့်တပေါင်းလ ခဝဲစိုက်လို့ရမလားဗျ ပြောပြပေးပါအုံး

ဖြေကြားချက် 1 ခု

omegaသစ်စေ့တွေမစိုက်ဖူးလို့ မာလာမြိုင်ကထုတ်တယ်ပြောကြလို့ မျိုးကောင်းလားမကောင်းလား စိုက်တဲ့ဆရာများအလင်းပြပါခင်...

ဖြေကြားချက် 2 ခု

ခဝဲခြံမှာအသီးတင်ကာနီးမှမိုးများပီးအမြစ်တွေပုက်ကုန်တယ်ဗျဘယ်လိုကာကွယ်ရမလဲအခုလက်ရှိတော့ကျောက့်မှုန့်ဖြူးပေးထားပါ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။