အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
75
လွန်ခဲ့သော ၄ လ က · မိတ္ထီလာ

ဒီမြေဖရဲစိုက်လိုအဆင်ပြေမလားဗျ ဘယ်နှစ်ထုပ်စိုက်ရမလဲ

မြေဆီလွှာ ဖရဲ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ လ က

ဘောင်တင်၊မြေပြင်ပြီးစိုက်ပါ။အဆင်ပြေနိုင်ပါတယ်။

348,301 လွန်ခဲ့သော ၄ လ က

ပုံထဲကမြေက ရွှံ့စေး/နုန်းစေးမြေဆန်လို့ ရေဝပ်ပြီး မြေကျပ်တတ်ပါတယ်။ ဖရဲက ရေဝပ်တာ လုံးဝမကြိုက်လို့ စိုက်မယ်ဆိုရင် စိုက်ဘောင်ကို ၁ ပေခွဲခန့် မြင့်မြင့်ဆွဲပေးပါ။ နွားချေးဆွေး သို့မဟုတ် ဖွဲပြာ/သဲ ထည့်ပြီး မြေပွအောင် အရင်ပြုပြင်ပေးရပါမယ်။ ပျိုးဘန်းနဲ့ပျိုးထောင်စိုက်ရင်၁ ဧကကိုမျိုးစေ့နှုန်းထား (၄) ထုပ်ကနေ (၆) ထုပ် ဝန်းကျင် ကုန်ပါမယ်။ (အပင်ပေါက်ညီပြီး မျိုးစေ့ သက်သာပါတယ်။)မြေထဲတိုက်ရိုက်အစေ့ချရင် ၁ ဧကကိုမျိုးစေ့နှုန်းထား (၁၀) ထုပ်ကနေ (၁၅) ထုပ် အထိ ကုန်နိုင်ပါတယ်။

419 လွန်ခဲ့သော ၄ လ က

မစိုက်ခင်မှာ ကယ်လဆီယမ်21%,မဂ္ဂနီဆီယမ် 11%, ပိုတက်ဆီယမ် 4%ပါတဲ့ မြေခံထည့်ရင်ပိုကောင်းပါတယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။