အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
188
လွန်ခဲ့သော ၄ လ က · မြောင်းမြ

ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနုတင်ပြီး ကောက်ရိုးအုပ်ထားပါ...

ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနုတင်ပြီး ကောက်ရိုးအုပ်ထားပါတယ် အလုံးထွားပြီအပင်တောင့်ပို့မြေသြဇာကျွေးရန်လိုပါသေးလားဗျာ မည်သည့်မြေသြဇာကျွေးရန်လိုပါသလဲ

အပင်အာဟာရ ကွမ်းသီး

ဖြေကြားချက် ၃ ခု

188 လွန်ခဲ့သော ၄ လ က

အလိုအဖျားရှူးနေလို့ပါ

347,513 လွန်ခဲ့သော ၄ လ က

အသက် (၇) နှစ်သား ကွမ်းသီးပင်တွေ အဖျားရှူးပြီး အလုံးမတင်တာဟာ အာဟာရဓာတ် (အထူးသဖြင့် ပိုတက်ရှ်ဓာတ်) ချို့တဲ့တာနဲ့ ရေ/အစိုဓာတ် မလုံလောက်လို့ ဖြစ်တတ်ပါတယ်ဗျာ။ အပင်သန်မာပြီး အသီးတင်လာဖို့ အပင်ခြေကို မြေဆွပြီး နွားချေးဆွေး သို့မဟုတ် ကြက်ချေးဆွေးကို တစ်ပင်လျှင် (၅) ပိဿာမှ (၁၀) ပိဿာခန့်အထိ အပင်ခြေပတ်လည်မှာ ပတ်ကျွေးပေးပါ။ (ကောက်ရိုးအုပ်ပေးထားတာ အလွန်ကောင်းပါတယ်၊ ဆက်လုပ်ပေးပါ)။ ပိုတက်ရှ် (MOP) ကအသီးအောင်ပြီး အဖျားရှူးတာ သက်သာစေဖို့ အဓိက လိုအပ်ပါတယ်။ တစ်ပင်လျှင် ဟင်းစားဇွန်း (၅) ဇွန်းမှ (၈) ဇွန်းခန့်။တီစူပါ (Phosphorus) က အမြစ်ပွားပြီး အပွင့်/အသီး တင်စေဖို့ တစ်ပင်လျှင် ဟင်းစားဇွန်း (၅) ဇွန်းခန့်။ယူရီးယား (Nitrogen) - အပင်ကြီးထွားဖို့ တစ်ပင်လျှင် ဟင်းစားဇွန်း (၃) ဇွန်းခန့် ရောစပ်ကျွေးပါ။(ဓာတ်မြေဩဇာ သီးသန့်မကျွေးချင်ရင် NPK 15:15:15 သို့မဟုတ် 12:12:17 ကွန်ပေါင်းမြေဩဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း ၁၀ ဇွန်းခန့် ကျွေးနိုင်ပါတယ်)အပင်ခြေကပ်ခြင်း၊စုပုံ ကျွေးခြင်းမျိုးမကျွေးမိရန်အထူးသတိပြုပါ၊ မြေဩဇာကျွေးပြီးရင် ရေဝအောင် သွင်းပေးဖို့ အလွန်အရေးကြီးပါတယ်။ ရေမပါရင် အပင်က မြေဩဇာကို မစုပ်ယူနိုင်ပါဘူး။အဖျားရှူးတာ မြန်မြန်သက်သာဖို့ အနည်းလိုဓာတ်ပါဝင်သော အားဆေးများနှင့် အမိုင်နိုအက်ဆစ် ပါတဲ့ ရွက်ဖျန်းအားဆေးကိုလည်း တစ်လ (၂) ကြိမ်ခန့် အပင်ပေါ် ဖျန်းပေးပါဗျာ။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ လ က

ပုံရိုက်ပြပါဦး။‌ေလာင်းရိပ်များသလား

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။