အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
122
လွန်ခဲ့သော ၃ လ က · ပန်းတောင်း

နှမ်းပင်ပေါက်ပီးသားကို ပြန်ခွဲချင်လို့နည်းလေးပြောပြပါအူးဗျ

စိုက်ပျိုးနည်း နှမ်း

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၃ လ က

နှမ်းပင်ပေါက်များကို သားခွဲခြင်း ကို အပင်သက်တမ်း အပိုင်းအခြား (၂) ကြိမ် ခွဲ၍ စနစ်တကျ လုပ်ဆောင်ရပါမည်။ ပထမအကြိမ်အဖြစ် အပင်ပေါက်သက်တမ်း (၇-၁၀) ရက် (ရွက်စုံ ၂ စုံထွက်ချိန်) တွင် လည်းကောင်း၊ ဒုတိယအကြိမ် (အပြီးသတ်) အဖြစ် သက်တမ်း (၁၅-၂၀) ရက် (အပင်အမြင့် ၄ လက်မခန့်ရှိချိန်) တွင် လည်းကောင်း နုတ်ပေးရပါမည်။ တစ်ပင်နှင့်တစ်ပင် အကွာအဝေးကို တန်းစိုက်စနစ်တွင် (၄-၆) လက်မ ခြားရမည်ဖြစ်ပြီး၊ ကြဲပက်စနစ်တွင် တစ်စတုရန်းပေလျှင် အသန်မာဆုံးအပင် (၄-၅) ပင်သာ ချန်လှပ်ရပါမည်။ အပင်နာကျင်မှု လျှော့ချရန်နှင့် အမြစ်မပြတ်စေရန် မြေစိုစွတ်ချိန်တွင် ရွေးချယ်နုတ်ပယ်ရမည်ဖြစ်ပြီး၊ ကျန်ရစ်မည့်အပင်၏ အမြစ်မလှုပ်စေရန် မြေကြီးကို လက်ဖြင့် ဖိညှပ်၍ သာသာယာယာ ဆွဲနုတ်ပေးရပါမည်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ လ က

မကွေးမှာတော့၊လူနဲ့ လက်သားခွဲကြတာပါပဲ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။