အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
816
လွန်ခဲ့သော ၃ လ က · ရမည်းသင်း

ခရမ်းနဲ့ ထောပတ်ပဲကို ပျိုးပြီး စစိုက်ထားတာ ၁ပတ်လောက်ရှိပြီ သူတို့အတွက် အစာ ရေနဲ့ ဆေးကို အခုကစပြီး ဘယ်လိုတွေ...

ခရမ်းနဲ့ ထောပတ်ပဲကို ပျိုးပြီး စစိုက်ထားတာ ၁ပတ်လောက်ရှိပြီ သူတို့အတွက် အစာ ရေနဲ့ ဆေးကို အခုကစပြီး ဘယ်လိုတွေလုပ်ဆောင်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ လမ်းညွှန်ပါအုံးခင်ဗျ ထောပတ်ပဲက အောက်အရွက် တစ်ရွက်နှစ်ရွက်လောက်က ဝါပြီးရောဂါကျသလိုဖြစ်နေတာက ဘာဆေးဖျန်းရမှာလဲ အဲ့အရွက်တွေကို ဖယ်ပစ်လို့ရလား

စိုက်ပျိုးနည်း ထောပတ်ပဲ

ဖြေကြားချက် ၅ ခု

348,948 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပဲပင်များသည် စင်ပေါ်သို့ စတင်တက်နေသည့် သားခွဲကာလ (ကနဦး ကြီးထွားမှုအဆင့်) ဖြစ်ပါတယ်။ ဤအရွယ်တွင် နွယ်တက်မြန်စေရန် နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်စ်ဓာတ် ကြွယ်ဝသော ၁၅-၁၅-၁၅ ကွန်ပေါင်းမြေဩဇာကျွေးခြင်း သို့မဟုတ် ၃၀-၁၀-၁၀ ကဲ့သို့သော ရွက်ဖျန်းအားဆေးများကို အမိုင်နိုအက်ဆစ်နှင့် တွဲဖက်ဖျန်းခြင်းများ ဆောင်ရွက် ပေးရပါမည်။ အရွက်နုများကို ဖျက်ဆီးတတ်သည့် စုပ်စားပိုးနှင့် ရွက်လိပ်ပိုးများအတွက် အီမာမက်တင် (Emamectin Benzoate) (သို့မဟုတ်) အီမီဒါကလိုပရစ် (Imidacloprid)ပိုးသတ်ဆေးကိုလည်းကောင်း၊ မှိုရောဂါ ကာကွယ်ရန် မန်ကိုဇက်(Mancozeb) (သို့မဟုတ်) ကော့ပါး (Copper)မှိုသတ်ဆေးကိုလည်းကောင်း ကြိုတင်ပက်ဖျန်းပေးနိုင်ပါတယ်။ ထို့ပြင် အပင်ခြေ ပေါင်းမြက်ရှင်းပေးခြင်းနှင့် နွယ်ကူပေးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ပေးသင့်ပါတယ်ခင်ဗျာ။ ပိုးကျနိုင်ခြေ၊ရောဂါကျနိုင်ခြေမရှိရင်ပိုးဆေး၊မှိုဆေးမဖျန်းချင် သေးလည်းရပါတယ်ခင်ဗျ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

348,948 လွန်ခဲ့သော ၃ လ က

ခရမ်းခင်းအတွက် ပေါင်းသတ်ဆေး ရွေးချယ်ရာတွင် ဆေးဒဏ်မခံနိုင်သဖြင့် အလွန်သတိထားရပါမယ်။ စိုက်ပြီးနောက် မြက်ပင်များအတွက် ကွီဇလိုဖော့-ပီ-အီသိုင်း (Quizalofop-p-ethyl) ကို သုံးနိုင်သော်လည်း ရွက်ပြန့်ပေါင်းများကိုမူ လက်ဖြင့်သာ နှုတ်ရပါမယ်။ ခရမ်းပင် သန်မာစိုပြည်စေရန် ကြီးထွားမှုအဆင့်တွင် ယူရီးယား၊ ကွန်ပေါင်း မြေဩဇာကျွေးခြင်းနှင့် အမိုင်နိုအက်ဆစ်အားဆေး ဖျန်းပေးရပါမည်။ ပန်းပွင့်အသီးတင်ချိန်တွင် အပွင့်မကြွေဘဲ အသီးတင်မှု အားကောင်းစေရန် ကယ်လ်ဆီယမ်-ဘိုရွန်ပါသော အားဆေး ဖျန်းပေးပြီး၊ အသီးကြီးထွား အရောင်တောက်ရန် ပိုတက်ဆီယမ် မြင့်မားသော မြေသြဇာ ကျွေးခြင်းသို့မဟုတ် ရွက်ဖျန်းအားဆေးများ ဖျန်းခြင်း ဆောင်ရွက်ရပါမယ်ခင်ဗျာ။

816 လွန်ခဲ့သော ၃ လ က

ဒီခရမ်းအတွက်လည်း ဖျန်းရမယ့်ပေါင်းသတ်ဆေးနဲ့ အစာ/ဆေးလိုအပ်ချက်လေး ပြောပေးပါအုံး ဖြေပေးတာ ကျေးဇူးပါဗျ

816 လွန်ခဲ့သော ၃ လ က

အပင်က စဥ်ဝင်ခါနီးဖြစ်နေပါပြီ လောလောဆယ် လိုအပ်တဲ့ဆေးနဲ့အစာလေး ညွှန်ပေးပါအုံး

348,948 လွန်ခဲ့သော ၃ လ က

သက်တမ်း ၁ ပတ်ရှိ ထောပတ်ပဲပင်ငယ်များတွင် အောက်ရွက်တစ်ရွက်နှစ်ရွက် ဝါခြင်းမှာ အာဟာရဓာတ် (နိုက်ထရိုဂျင်) ချို့တဲ့ခြင်း သို့မဟုတ် ရေဝပ်ခြင်းကြောင့် အဖြစ်များပါသည်။ အပင်ငယ်စဉ်တွင် ရေကို မြေစိုရုံသာလောင်းရမည်ဖြစ်ပြီး ကောင်းစွာဆွေးမြည့်သော သဘာဝမြေဆွေးကို အပင်ခြေ၌ ပါးပါးကျွေးပေးသင့်ပါသည်။ ပြင်းထန်သော ဓာတုဆေးများကို မသုံးစွဲသင့်သေးဘဲ သဘာဝတမာဆေးကိုသာ အားကိုးသင့်ပါသည်။ ရောဂါပိုးမွှားများ ခိုအောင်းပွားများခြင်းမှ ကာကွယ်ရန်နှင့် အပင်အာဟာရ မဖြုန်းတီးစေရန်အတွက် ဝါနေသောအောက်ရွက်များကို ဆွတ်ခူးဖယ်ရှားပစ်နိုင်ပါတာ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။