အခုလိုမျုိးရောဂါကို မြန်မြန်ပျောက်အောင်ဘယ်လိုလုပ်ရမလဲဗျာ တခင်းလုံး ကူးနေလို့ပါ ကူညီကြပါအုံးဗျာ
ပုံပါမြေပဲပင်တွင် ဖြစ်ပွားနေသည်မှာ မြေဆောင်မှိုကြောင့်ဖြစ်သော မြေပဲ ခါးရိရောဂါ (ခေါ်) ပင်စည်ပုပ်/ပင်ခြေပုပ်ရောဂါ ဖြစ်ပါတယ်။ ရောဂါသည် စိုက်ခင်းအတွင်း တစ်ပင်မှတစ်ပင်သို့ ကူးစက်မှု အလွန်မြန်ဆန်သောကြောင့် Hymexazol သို့မဟုတ် Foestyl -Al သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေနှင့် မြေဆီလွှာထဲအထိ စိမ့်ဝင်အောင် အမြန်ဆုံး နှံ့စပ်အောင် ဖြန်းပေးရပါမည်။ ရောဂါမကျသေးသောအပင်များအတွက်Azoxystrobin မှိုသတ်ဆေးကို အပင်အပေါ်ပိုင်း ဖျန်းပေးခြင်းဖြင့်လည်း အသေအပျောက်နည်းရန်ကာကွယ်နိုင်မည်။ရေရှည်အတွက်မူ ရောဂါရအပင်များကို နှုတ်ယူမီးရှို့ခြင်း၊ စိုက်ခင်းရေမဝပ်စေရန် ရေမြောင်းဖော်ခြင်းနှင့် ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှိုကို နွားချေးဆွေးနှင့်ရော၍ အပင်ခြေကျွေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ နောက်ရာသီများတွင် ဤရောဂါထပ်မံမဖြစ်ပွားစေရန် စိုက်ပျိုးခါနီးတိုင်း မျိုးစေ့ကို မှိုသတ်ဆေးဖြင့် စနစ်တကျ လူးနယ်စိုက်ပျိုးရန် အထူးလိုအပ်ပါသည်။
Hymexazol, Foestyl -Al,Carbendazim, Azoxystrobin ဆိုပြီး စိုက် ဆေးဆိုင်တွေမှာ ပြပြီးမေးဝယ်ပါခင်ဗျာ
ဖော်ပြပါဆေးတွေက ဘယ်မှာ၀ယ်လို့ရလဲ နတ်မောက်ဘက်ကပါ ဆေးထုပ်ပုံလေးနဲ့ဆို ပိုအဆင်ပြေမှာပါ စာနဲ့ကျ သိမ့်နာမလည်လို့ပါ
သဲပူလောင်တာကတဆင့် ရောဂါကူးစက်တယ်လို့ယူဆပါတယ်။အပင်ခြေကို Gypsum+K-humicတအိတ်+တထုပ်ရောပက်ပါ။ အဇိုဇီစထရိုဘင်+ဖို့စတိုင်း ၂၀+၆၀ရောဖျန်းပါ။
ဆက်စပ်မေးခွန်းများ
မြေပဲကိုအထွက်တိုးအောင်ဘယ်လိုလုပ်ရပါမလဲ
ဖြေကြားချက် 4 ခု
ပဲခင်းက 20ရက်သားရှိပါပြီ နွားသေး သီးသန့်ဖြန်းလို့ရပါသလား နွားသေးက ပုံထဲထည့်ထားတာ 1ပတ်ရှိပါပြီ
ဖြေကြားချက် 2 ခု
ပဲပင်မှာ အခုလိုမှိုရောဂါကို ဘာဆေးတွေဖြန်းသင်လဲ ဓာတုဆေးဆိုရင်ေကာ ဘယ်လိုဆေးမျိုးသုံသင့်သလဲ
ဖြေကြားချက် 1 ခု
မြေပဲခင်းကိုငါအမိုင်နိုနဲ့လက်ချားရွက်ဖျန်းရောပတ်လို့ရလား
ဖြေကြားချက် 5 ခု
ပုလဲအနည်းငယ်နဲ့လက်ချားအမှုန့်နဲ့ငါးအမိုင်နိုရောစပ်ပြီးပတ်ရင်မြေပဲပင်အတွက်ကောင်းလားဆရာတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။