အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
65
လွန်ခဲ့သော ၃ လ က · ငါန်းဇွန်

ကျက်တီးမြေနေရာတွေမှာအပင်ကို ဘလိုစိုက်ရမလည်း စိုက်လိုက်တိုင်း သေကုန်လို့ ကျင်းဘလောက်တူးရမလည်းပြောကြပါဦး အမျိုး...

ကျက်တီးမြေနေရာတွေမှာအပင်ကို ဘလိုစိုက်ရမလည်း စိုက်လိုက်တိုင်း သေကုန်လို့ ကျင်းဘလောက်တူးရမလည်းပြောကြပါဦး အမျိုးတို့

စိုက်ပျိုးနည်း မြေပြန့်ချယ်ရီ
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

၃×၃×၃ပေ ကျင်းတူးပါ။နွားချေးဆွေး၊မြေဆွေး၊သဲ၊စက်ဖွဲပြာ ၊ဆတူရောပြီး ကျင်းထဲ နှပ်ထားပါ။၂၀-၂၅ရက် ကြိုနှပ်ပြီးမှ အပင်စိုက်ပါ။အဆင်ပြေပါလိမ့်မယ်။

348,948 လွန်ခဲ့သော ၃ လ က

ထရိုင်ကိုဒါးမားထည့်ပါ

65 လွန်ခဲ့သော ၃ လ က

ဆေးသုံးဖို့လိုလားဗျ လိုရင် ဆေးကောင်ူများရှိရင် ညွှန်းကြပါဦး

65 လွန်ခဲ့သော ၃ လ က

ဟုတ်ကဲ့ ကျေးဇူးပါဗျ ကျက်တည်းကရေမစုတ်တော့ မိုးများတဲ့အခါကျ အောက်မှာ ဗွတ်လည်ပီးအမြစ်တေပုတ်တာ အမြစ်ထက်ပီးမတိုးနိုင်တော့တာဗျ

348,948 လွန်ခဲ့သော ၃ လ က

ကျက်တီးမြေတွင် အပင်စိုက်ပါက ရေနှင့်အာဟာရ မထိန်းနိုင်ခြင်းကြောင့် အပင် သေဆုံးတတ်ပါတယ်။ ၎င်းကို ဖြေရှင်းရန် ကျင်းကို ပုံမှန်ထက်ပိုကြီးပြီး အနည်းဆုံး (၂ ပေ x ၂ ပေ x ၂ ပေ) ပတ်လည် တူးရပါမည်။ ကျင်းထဲမှ ကျောက်စရစ်နှင့် မြေမာများကို ဖယ်ထုတ်ပြီး အပေါ်ယံမြေပွ၊ နွားချေးဆွေး သို့မဟုတ် မြေဆွေးနှင့် ဖွဲပြာတို့ကို သင့်တော်သလို ရောစပ်ကာ ပြန်လည် အစားထိုး ထည့်သွင်းပေးရပါမယ်။ စိုက်ပျိုးပြီးနောက် မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းနိုင်ရန် အပင်ခြေကို ကောက်ရိုး သို့မဟုတ် မြက်ခြောက်ဖြင့် ဖုံးအုပ်ပေးပြီး ရေမှန်မှန်လောင်းပေးခြင်းဖြင့် အပင်ကို ရှင်သန်စေနိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။