အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
507
လွန်ခဲ့သော ၃ လ က · မြင်းခြံ

Select Plus +ကလောက်ဒီ +ကောမက်အားကောင်း +အဆီဖိတ် အဲ့လေးမျိုး ကြက်သွန်နီ ရောဖျန်းလို့အဆင်ပြေလားဗျ

အပင်အာဟာရ ကြက်သွန်နီ

ဖြေကြားချက် ၆ ခု

507 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ကြ က်သွန်ပင်က တစ်လသားကျော်လောက် အပင်ဖစ်နည်းနေလို့ ဆရာ ဘာအားဆေး အဆင်ပြေလဲ လမ်းညွှန်ပါအုံး

507 လွန်ခဲ့သော ၃ လ က

ကလောက်ဒီကို မြေအစိုမှာ တစ်ခြား မှိုဆေးနဲ့ ဖျန်းလို့ အဆင်ပြေနိုင်လားဗျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

Gypsum+ဆာလဖာ ပုလဲ ကျွေး၊ရေသွင်းပါ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

ဓာတု ပစ္စည်းများ(ပိုးဆေး၊အားဆေး၊မှိုဆေး...)ကို ၂မျိုးထက်ပိုပြီး ရောမဖျန်းသင့်ပါ။၄မျိုး ရောလိုက်ရင်၊formulaမတူတာ/ပါဝင်ပစ္စည်းအချင်းချင်းဓာတ်ပြုတာ/အပင်ကိုထိခိုက်တာ/အာနိသင် လျော့နည်းတာ/ စသဖြင့် တမျိုးမျိုး အကျိုးမဲ့စေပါတယ်။

507 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါဗျ

348,948 လွန်ခဲ့သော ၃ လ က

Select Plus၊ ကလောက်ဒီ၊ ကောမက်အားကောင်းနှင့် Acephate ဆေးဝါး လေးမျိုးလုံးကို တစ်ပြိုင်နက်တည်း ရောစပ်မဖျန်းရန် တိုက်တွန်းလိုပါတယ်ခင်ဗျာ။ ပိုးသတ်ဆေးပြင်း နှစ်မျိုး (Select Plus နှင့် Acephate) အား ဆာလ်ဖာမှိုသတ်ဆေး (ကလောက်ဒီ) နှင့် ရွက်ဖျန်းမြေသြဇာတို့ဖြင့် တစ်ပုံးတည်း ရောစပ်ခြင်းသည် ဓာတုဓာတ်ပြုမှု ဖြစ်စေနိုင်ပြီး ဆေးအာနိသင် ပျက်ပြယ်ခြင်း သို့မဟုတ် ကြက်သွန်ရွက်များ လောင်ကျွမ်းခြင်း (Phytotoxicity) ဖြစ်ပေါ်စေနိုင်သောကြောင့် အဆင်မပြေပါဘူး။ ဘေးကင်းပြီး ထိရောက်မှုရှိစေရန် ဆေးဝါးများကို ပိုးမကျသေးဘူးကာကွယ်ရုံဆို Acephateနဲ့ ရွက်ဖျန်းအားဆေး သို့မဟုတ် (Select Plus + ရွက်ဖျန်းအားဆေး) တွဲဖျန်းပါ။ ရောဂါမကျသေးဘူးကာကွယ်ချင်ပါက ကလောက်ဒီမှိုသတ်ဆေးသီးသန့်ပက်ဖျန်းခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ဆေးတစ်ခါဖျန်းပြီးတိုင်း (၃) ရက်မှ (၅) ရက် ခြားပြီးမှသာ ဖျန်းပေးသင့်ပါတယ်။ ဘယ်ဆေးကို ဦးစားပေးဖျန်းမယ်ဆိုတာ မိမိစိုက်ခင်းအခြေနေအရ ဆုံးဖြတ်ရမှာပါ။ ဆေးတွေကို လေးမျိုးလုံးရောဖျန်းလိုက်လို့လည်း ဆေးဖိုးတွေသာကုန်ကျမှုများပြီး နောင်ဆေးဖျန်းရန်လိုအပ်လာသည့်အခါ ထပ်ရမည့်ကုန်ကျစရိတ်တွေများသွားမှာပါ။ဆေးလေးမျိုးကို တစ်ကြိမ်တည်းဖျန်းမည့်အစား ၃ကြိမ်ခွဲဖျန်းခြင်းဖြင့် ကုန်ကျစရိတ်လျှော့ချနိုင်ပြီး စိုက်ခင်းအတွက်ပိုမိုအကျိုးရှိပါလိမ့်မယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။