အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
756
လွန်ခဲ့သော ၃ လ က · နတ်မောက်

ထန်းလျှက် 65ကျပ်သား နွားချီး 65ကျပ်သား နွားသေး 1လီတာ ခွဲ ရေ 11လီတာ အချဉ်ဖောက်ထားတာ ပဲသက်တမ်းက 27ရက်ရှိပါပြီ...

ထန်းလျှက် 65ကျပ်သား နွားချီး 65ကျပ်သား နွားသေး 1လီတာ ခွဲ ရေ 11လီတာ အချဉ်ဖောက်ထားတာ ပဲသက်တမ်းက 27ရက်ရှိပါပြီ ဆေးဘယ်လောက် cc ဖြန်းရင် အပင်တွက် သင့်တော်မလဲခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
Post image

ဖြေကြားချက် ၃ ခု

541 လွန်ခဲ့သော ၃ လ က

နွားချေး5တင်းနဲ့ကအပင်ပေါ်ကိုဖျန်းရမှာလားရှင့်

348,948 လွန်ခဲ့သော ၃ လ က

" နွားချေး နွားသေး အသုံးပြုခြင်း " ################### တစ်ဧကစာအတွက် (1) နွားချေး (5) တင်း (2) နွားသေး (5) လီတာ (3) ထန်းလျက် (15)ကျပ်သား (4) ရေ (25)ဂါလံ အထက်ပါပစ္စည်းများရောစပ်ပြီး (3)ရက်ကြာ ထားပါ။ ထို(3)ရက်အတွင်း တစ်နေ့လျှင် အထက်အောက် (6)ကြိမ်ဖြင့် စုစုပေါင်း (18)ကြိမ် လှန်ပေးရမည်။ (4) ရက်မြောက်နေ့တွင် မိမိစိုက်ခင်း လယ်မြေများအတွင်း ထည့်သွင်းနိုင်ပါပြီ။ ၎င်းမြေသြဇာကို မိမိစိုက်ခင်း လယ်ယာမြေ အတွင်းသုံးစွဲရန်မှာ - (1) ပထမနှစ်တွင် တစ်ပါတ် တစ်ကြိမ် (2) ဒုတိယနှစ်တွင် တစ်လ နှစ်ကြိမ် (3) တတိယနှစ်တွင် တစ်လ တစ်ကြိမ် (4) စတုတ္တနှစ်မှစ၍ သုံးလ တစ်ကြိမ် မှတ်ချက်။ ဤနည်းကိုဆောင်ရွက်ရာတွင် သုံးရက်နှပ်ပြီး လေးရက်မြောက်နေ့တွင် စတင်သုံးစွဲရမည် ဖြစ်ပါသည်။ (လေးရက်မြောက်နေ့တွင် နွားချေးအတွင်းရှိ အနုဇီဝပိုးများ စွမ်းဆောင်ရေအမြင့်မားဆုံး အချိန်ရောက်ရှိပြီး စိုက်ခင်းလယ်ယာ အတွက် အာဟာရဓာတ်များ ပေးစွမ်းနိုင်သော ကာလဖြစ်) နွားချေးတွင် (N,P,K,Ca,Mg,S,Carbon) များပါဝင်ကြပြီး ကာဗွန် နှင့် နိုက်ထရိုဂျင် အချိုးမှာ 24:1 ရှိပါမည်။ နွားသေးတွင် (N,S) အမိုနီယမ်၊ အမိုးနီးယား၊ မဂ္ဂနစ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ကယ်စီယမ်၊ ရေ၊ ဖော့စဖိတ်၊ ကာဗွန်နစ်အက်စစ်၊ ကလိုရိုဒ်၊ ဆာလဖိတ်၊ အော်ဂဲနစ်အက်စစ်များ၊ ဗိုက်တာမင်(A,B,C,E)တို့ ပါဝင်ပါမည်။ နွားချေး နှင့် နွားသေးတို့မှ ပါဝင်သော ဓာတ်များနှင့် ထန်းလျှက်အချိုဓာတ်တို့ ပေါင်းစပ်ကာ အဏုဇီဝပိုးများ ပေါက်ဖွားစေပြီး အပင်အာဟာရဓာတ်နှင့် အပွင့်အသီးတို့ ကောင်းမွန်စေပါမည်။ ********* မြေသြဇာအရည် ပြုလုပ်နည်း (1) နွားချေး (1)ပြည် (2) နွားသေး (1) လီတာ (3) ထန်းလျက် (3) ကျပ်သား (4) ရေ (10)လီတာ အထက်ပါပစ္စည်းများကို ရောစပ်ပြီး တစ်ရက်လျှင် ၂ ၃ ကြိမ်မွှေပေးပါ (3) ရက်အထိ (4) ရက်မြောက်နေ့တွင် စတင်သုံးစွဲပါ။ ဘိုကာရှီပြုလုပ်ခြင်းတွင် ဆွေးမြေ့မှု မြန်ဆန်စေရန်အတွက် အထောက်အကူ ပြုသော ဆေးရည်ဖြစ်ပါသည်။ ဒီဆောင်းပါးကိုနားလည်အောင်သေချာဖတ်ပါဗျ။ ဒီဆောင်းပါးထဲက နှုန်းထားများကို စံနမူနာထားပြီး ဖျော်စပ်ရတာပါ နှုန်းထားမမှန်ကန်ရင် အပင်လောင်တတ်ပါတယ်ဗျ

348,948 လွန်ခဲ့သော ၃ လ က

သက်တမ်း (၂၇) ရက်ရှိတဲ့ မြေပဲပင်တွေအတွက် ဒီသဘာဝအားဆေးက အကိုင်းအခက်ထွက်ဖို့ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဦးကျော်စပ်ထားတဲ့ ဖော်မြူလာက ရေ (၁၁) လီတာထဲမှာ ထန်းလျက် (၆၅) ကျပ်သား ဖြစ်နေလို့ အချိုဓာတ် အရမ်းလွန်ကဲပြီး ဆေးအနှစ်က ပြင်းနေပါတယ်ဗျ။ အချိုဓာတ်လွန်ကဲရင် မြေပဲခင်းထဲ မှိုရောဂါပိုပွားတတ်လို့ လက်ရှိဆေးအိုးထဲကို ရေ (၄၀) လီတာ (၄ ဂါလံပုံးနဲ့ ၂ ပုံးခွဲခန့်) အမြန်ထပ်ထည့်ပြီး အချိုးညှိပေးဖို့ လိုအပ်ပါတယ်ဗျာ။ ရေထပ်ထည့်ပြီးရင် (၃) ရက်ပြည့်အောင် ဆက်နှပ်ထားပြီးမှ ဆေးဖျန်းပုံး (၄) ဂါလံတစ်ပုံးကို ဒီဆေးရည်(နို့ဆီဘူး ၁ဗူး ခန့်) နှုန်းထည့်၊ ကျန်တာ ရေဖြည့်ပြီး နေအေးချိန်မှာ ဖျန်းပေးရပါမယ်။ ဦးကျော်တို့ဆီမှာ ရာသီဥတုက အုံ့မှိုင်းနေပြီး မှိုသတ်ဆေး (ဟက်ကာ) သုံးထားတာ တွေ့ရလို့ ရွက်ပြောက်ရောဂါ ရှိနေနိုင်ပါတယ်။ ဒါကြောင့် မှိုရောဂါငြိမ်သွားပြီဆိုမှ အဏုဇီဝဆေးရည်ကို လိုက်ဖျန်းပေးပါဗျာ။ဆေးဖျန်းပုံးအတွင်အနည်အနှစ်များပါမသွားဖို့ သတိပြုပါ (ရေစစ်ထုတ်ပြီးကျန်တဲ့အဖတ်တွေကို မြေပဲခင်းထဲ ဒီအတိုင်း ချကျွေးနိုင်ပါတယ်)။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။