ပဲတောင့်ရှည်တွေ ပုံမှာကြည့်ပေးကြပါ ဘာဖြစ်တာလဲ ဘာဆေးဖြန်းရမလဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၄၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အသီး
- ရာသီဥတု (တစ်ပတ်အတွင်း)
- မိုးရွာ
ပဲတောင့်ရှည်များတွင် ဖြစ်ပွားနေသည့် ရောဂါမှာ Uromyces appendiculatus မှိုကြောင့်ဖြစ်သော ပဲသံချေးရောဂါ (Rust Disease)သို့မဟုတ် မှည့်ပျောက်စွန်းရောဂါ ဖြစ်နိုင်ပါသည်။ ပဲတောင့်များပေါ်တွင် သံချေးရောင်၊ နီညိုရောင် အဖုအထွက်များနှင့် အကွက်များ စွဲကပ်နေခြင်းက လက္ခဏာဖြစ်ပြီး၊ ၎င်းသည် အစိုဓာတ်လွန်ကဲပြီး လေဝင်လေထွက် မကောင်းသော စိုက်ခင်းများတွင် ပိုမိုဆိုးရွားတတ်ပါသည်။ ဤရောဂါကို နှိမ်နင်းရန်အတွက် Azoxystrobin, Difenoconazole, Tebuconazole သို့မဟုတ် Chlorothalonil ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းပါအတိုင်း စနစ်တကျ ပက်ဖြန်းပေးရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီးနောက် အန္တရာယ်ကင်းရှင်းစေရန် ဆေးဖြန်းပြီး ခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက် (PHI) ကို တိကျစွာ လိုက်နာရပါမည်။ ဓာတုဆေးအပြင် ရောဂါရ အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လေဝင်လေထွက်ကောင်းအောင် ပြုပြင်ခြင်းတို့ကိုပါ ပူးတွဲလုပ်ဆောင်ရပါမယ်ခင်ဗျာ။
ဟုတ်ကဲ့ ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျ မြားနီကထုတ်တဲ့သခွား ပဲတောင့်ရှည် ခ၀ဲ ကြက်ဟင်းခါး မုန်လာဥ ခရမ်းရွှေဖရုံတို့ကိုခုလိုမိုးများတဲ့အ...
ဖြေကြားချက် 2 ခု
သခွား /ပဲတောင့်ရှည် မိုးရာသီမှာရာသီဒဏ်ဘယ်ဟာကပိုခံနိုင်လဲဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်အပင်ကြားကပေါင်းမြတ်ကိုသဘာဝနည်းနဲ့နှိမ်နင်းဖို့လမ်းညွှန်ပေးပါရှင့်
ဖြေကြားချက် 4 ခု
ဆရာတို့ရှင့်ပဲတောင့်ရှည်အပင်က ပျပိုးလိုလေးတြဖြစ်နေပါတယ်ဘယ်လိုဆေးမျိုးဖျန်းရမလဲရှင့်
ဖြေကြားချက် 2 ခု
တိုင်ထောင်ပဲတောင့် ရှည် ပုရွက်ဆိတ် ကိုက်နေတာက ကာကွယ်စရာလိုမလို ပြောပြပေးပါအုံးဗျ လိုအပ်ရင်လဲ ဘယ်လိုကာကွယ်ရမလဲ...
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။