အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
541
လွန်ခဲ့သော ၃ လ က · စဉ့်ကူး

စပါးက အခြောက်ကြဲရမလား စိုက်ရမလားဝေခွဲမရနေလို့အကြံလေးပေးပါဦး ပေါင်းတွေအရမ်းပေါက်လို့ပါ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၇ ခု

32 လွန်ခဲ့သော ၃ လ က
349,542 လွန်ခဲ့သော ၃ လ က

Pendinethalin ၃၃ အီးစီဆေးကို ဝယ်ချင်ပါက အာမိုပန်ဒါဆိုပြီး ဈေးကွက်အမည်ရှိပါတယ်ခင်ဗျာ၊ သို့မဟုတ် ပန်ဒီမီသလင်း ၃၃ အီးစီ ပါဝင်သော ပေါင်းအုပ်ဆေးဝယ်ယူချင်ပါတယ်လို့ ဆိုင်များမှာမေးဝယ်ကြည့်ပါ

349,542 လွန်ခဲ့သော ၃ လ က

ပေါင်းမြက် အလွန်ထူသော လယ်ကွက်များတွင် စပါးအခြောက်ကြဲစနစ် ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် စပါးစေ့နှင့် ပေါင်းစေ့များ ပြိုင်တူအပင်ပေါက်လာပြီး အာဟာရလုယူကာ ပေါင်းလိုက်ရ အလွန်ခက်ခဲစေသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ပထမဦးစားပေးအနေဖြင့် လယ်ကွက်ကို သမန်းစနစ်တကျပြင်ပြီး ပျိုးပင်သက်တမ်းရင့်ကို ရွှေ့ပြောင်းစိုက်ပျိုးသည့် "ပျိုးထောင်သမန်းစိုက်စနစ်" ကိုသာ ရွေးချယ်သင့်ပါသည်။ စိုက်ပျိုးခြင်းမပြုမီ လယ်ကို ၂ ကြိမ် ထွန်ယက်နေလှန်းခြင်း၊ ရေသွင်းကာ ပေါင်းပင်များ အပင်ပေါက်လာအောင် ထောင်ချောက်ဆင်၍ ပြန်လည်ထွန်မွှေမြှုပ်ပစ်ခြင်း သို့မဟုတ် စိုက်ပျိုးခြင်းမပြုမီ ပင်လုံးကျွတ်ပေါင်းသတ်ဆေး ကြိုတင်ပက်ဖြန်းခြင်းတို့ဖြင့် ပေါင်းမြက်ကို စနစ်တကျ ကြိုတင်နှိမ်နင်းရပါမယ်ခင်ဗျာ။ ပင်လုံးကျွတ် ပေါင်းသတ်ဆေးဆိုတာက ဂလိုင်ဖိုဆိတ် (Glyphosate) ပါဝင်သော ဆေးများကို ပြောတာပါ။ ဤဆေးသည် ဆေးထိသော အပင်မှတစ်ဆင့် ဆဲလ်အတွင်းပိုင်းအထိ စုပ်ယူပြီး အမြစ်နှင့်ဥများအထိပါ အမြစ်ပြတ်သေစေသဖြင့် စိုက်ပျိုးခြင်းမပြုမီ ပေါင်းမြက်နှိမ်နင်းရာတွင် အလွန်ထိရောက်ပါသည်။ ဆေးပက်ဖြန်းပြီးနောက် အပင်များလုံးဝသေဆုံးရန် ၁ ပတ်မှ ၂ ပတ်ခန့်အထိ ကြာမြင့်နိုင်သဖြင့် စပါးမစိုက်မီ ၁ ပတ်မှ ၂ ပတ်ခန့်အထိ အချိန်ကြိုတင်၍ ပက်ဖြန်းပေးရပါမယ်ခင်ဗျာ။

541 လွန်ခဲ့သော ၃ လ က

ဆရာဆေးဘူးလေးပြပေးပါ့လား ပြဝယ်ချင်လို့ပါရှင့်

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ လ က

စပါးတိုက်ရိုက်အစေ့ချပြီး၊pendimethalin၃၃အီးစီဆေး ဖျန်းရင်၊ ပေါင်း မျိုးစေ့မပေါက်အောင်တားဆီးနိုင်ပါတယ်။ ဆည်ရေရရင်တော့ ပျိုးထောင်စိုက်ပါ။

541 လွန်ခဲ့သော ၃ လ က

ပေါင်းတွေကမနိုင်လို့ ပြောပြပေးပါ့လားရှင့်‌

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ လ က

စပါးအခြောက်ကြဲပြီး၊ပေါင်းအုပ်ဆေးဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား

ဖြေကြားချက် 2 ခု

ရေကြည်ပေါ်ဆန်း ပေါ်ဆန်းရင်စပါးမျိုးတွေက ဘယ်လိုရေမြေရာသီဥတုနဲ့ဘယ်အချိန်တွေမှာစိုက်ပျိုးရင်အဆင်ပြေမလဲသိပါရစေ။...

ဖြေကြားချက် 1 ခု

အောင်းနိုင်တိုးစပါးအကြောင်းလေးမေချင်လို့ပါဗျာ

ဖြေကြားချက် 1 ခု

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်...

ဖြေကြားချက် 1 ခု

နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။