အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18
လွန်ခဲ့သော ၃ လ က · စဉ့်ကိုင်

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ပိုးမွှားရောဂါ ဝါ

ဖြေကြားချက် ၃ ခု

25 လွန်ခဲ့သော ၃ လ က

ပိုးစေးနှဲ (Mealybug) ကျရင် အပင်တွေ ညှိုးနွမ်းပြီး ကြီးထွားမှုရပ်တန့်သွားတတ်လို့ တကယ်ပဲ စိတ်ရှုပ်ရပါတယ်။ ပိုးစေးနှဲတွေရဲ့ ကိုယ်ပေါ်မှာ အဖြူရောင်ဖယောင်းလွှာ ဖုံးအုပ်ထားတဲ့အတွက် သာမန်ပိုးသတ်ဆေးတွေနဲ့ ဖျန်းရုံနဲ့တင် သေဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးထားတဲ့ ပမာဏနဲ့ အပင်အမျိုးအစားပေါ်မူတည်ပြီး အီမီဒါကလိုပရစ် (Imidacloprid) အဆီတာမီပရစ် (Acetamiprid) သိုင်ယာမီသိုဆမ် (Thiamethoxam)

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

စိမ့်ဝင်စွဲကပ် ပျံ့နှံ့ဆေး နဲ့ ပရိုဖီနိုဖော့ ဖျန်းပါ။

348,957 လွန်ခဲ့သော ၃ လ က

ဝါပင်များတွင် ဝါပျပိုး ကဲ့သို့သော စုပ်စားပိုးများ အပင်၏သစ်ရည်ကို စုပ်ယူစားသောက်စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်အောင် ပင်လုံးပြန့်ပိုးသတ်ဆေးများဖြစ်သည့် အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် ဖစ်ပရိုနေးလ်(Fipronil)ဆေးတစ်မျိုးမျိုးကို ဆေးဘူးပါ လမ်းညွှန်ချက်အတိုင်း စနစ်တကျ ပက်ဖျန်းပေးရပါမည်။ ထို့အပြင် တမာဆေးရည်ကဲ့သို့ သဘာဝပိုးဆေးများဖြင့် အလှည့်ကျ အသုံးပြုခြင်းဖြင့် ဝါစိုက်ခင်းကို ပိုးမွှားအန္တရာယ်မှ ရေရှည်ကာကွယ်နိုင်မည် ဖြစ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။