အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
352
လွန်ခဲ့သော ၃ လ က · ကျောင်းကုန်း

စပါး နိုက်ထရိုဂျင်ကျွေးတဲ့အခါတစ်ဧကဘယ်လောက်ကျွေးရမလဲ ဘယ်လိုကျွေးရမလဲ သိချင်ပါတယ်ရှင်ပြပေးပါဦဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
အပင်အာဟာရ စပါး

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၃ လ က

အသက် (၁၇) ရက်သားရှိသော စပါးစိုက်ခင်းသည် ပင်ပွားထွက်ခါစ ကာလဖြစ်သဖြင့် နိုက်ထရိုဂျင်ဓာတ်ကို အဓိက လိုအပ်ပါတယ်။ အထွက်နှုန်း ကောင်းမွန်စေရန် တစ်ဧကလျှင် ယူရီးယားဓာတ်မြေဩဇာကို မြေဆီလွှာအခြေအနေအလိုက် ချင့်ချိန်၍ ပင်ပွားအားပေးမြေဩဇာအဖြစ် စတင်ကျွေးရပါမယ်။ မြေဩဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ကြိုတင်ရှင်းလင်းထားရမည်ဖြစ်ပြီး၊ မြေဩဇာအာဟာရ လေလွင့်မှုမရှိစေရန်အတွက် စိုက်ခင်းအတွင်း ရေအနက်ကို လက်မဝက်မှ တစ်လက်မခန့်သာ အနည်းငယ်ချန်၍ လေငြိမ်သော မနက်အစောပိုင်း သို့မဟုတ် ညနေပိုင်းတွင် ခင်းလုံးအနှံ့ သမအောင် ကြဲပက်ကျွေးရပါမည်။ စပါးစိုက်ခင်းအတွက် ပင်ပွားအားပေးရန် အဓိကလိုအပ်သော ယူရီးယား (နိုက်ထရိုဂျင်) ဓာတ်မြေဩဇာ ပမာဏမှာ တစ်ဧကလျှင် ၃၅ ပေါင် မှ ပေါင် ၅၀ (အိတ်ဝက်ခန့်) ဖြစ်ပါတယ်။ မြေဩဇာကို မကြဲမီ စိုက်ခင်းအတွင်းရှိ မြေဩဇာဓာတ် အငွေ့ပျံလေလွင့်မှု မရှိစေရန်အတွက် လယ်ကွက်အတွင်း ရေကို ၁ လက်မခန့်သာ အနည်းငယ် ချန်ထားရပါမည်။ ထို့နောက် လေငြိမ်ပြီး အေးသော နံနက်အစောပိုင်း သို့မဟုတ် ညနေပိုင်းတွင် သတ်မှတ်ပမာဏအတိုင်း ခင်းလုံးအနှံ့ သမအောင် ကြဲပက်ကျွေးရပါမယ်ခင်ဗျာ။ ပုလဲသည် စပါးပင်အရွက်အရောင်ကြည့်၍ကျွေးခြင်းက ပို၍ကောင်းမွန်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

အစေ့ချစိုက်ဘယ်ရက်သားလောက်မှရွေးချက်ပေါင်းသတ်ဆေးဖြန်းသင့်သလဲသိချင်ပါတယ်ဆရာ

ဖြေကြားချက် 1 ခု

မဂ်လာပါရှင့်လယ်တွေမှာပေါက်လေ့ရှိတဲ့ဒေသအခေါ်မြက်ကလုံးပင်တွေကိုဘယ်လိုဆေးမျိုးဖျန်းလို့ရလဲရှင့်မြေဩဇာဆိုရင်ဘယ်လို...

ဖြေကြားချက် 3 ခု

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

ဖြေကြားချက် 2 ခု

နိုက်ထရိုဂျင်ကျွေးတဲ့အခါ သဘဝမြေသြဇာဖြစ်တဲ့ နွားချေး သစ်ဆွေး မြေးဆွေး ကြက်ချေးတို့နဲ့ဆတူရောပြီးကျွေးရင်အဆင်ပြေ...

ဖြေကြားချက် 2 ခု

ဆရာရေး ကျွန်တော်စပါးကအခုမှ 19ရက်သာပဲရှိပါသေးတယ် နိုက်ထရိုဂျင်မြေသြဇာကျွေးရင် ဘယ်ရက်သားလောက်မှကျွေးရင်အဆင်ပြေမ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။