ဖြေကြားချက် ၁ ခု
သက်တမ်း ၅ လရှိသော သက်ကြီးစပါးအတွက် နိုက်ထရိုဂျင်မြေဩဇာ (ယူရီးယား) ကို တစ်ကြိမ်တည်း အများအပြားမကျွေးဘဲ ၃ ကြိမ် ခွဲကျွေးရပါမယ်။ ယခု ၁၉ ရက်သားသည် ပထမအကြိမ် ပင်ပွားစည်းချိန် (ရက် ၂၀-၂၅) နှင့် ကိုက်ညီသဖြင့် စတင်ကျွေးနိုင်ပြီး၊ နောက်ပိုင်းတွင် မှို့ကပ်ချိန် (ရက် ၆၅-၇၀) နှင့် ဖုံးလုံးချိန် (ရက် ၈၅-၉၀) တို့တွင် ထပ်မံခွဲကျွေးရပါမည်။ စပါးခွံပြာသည် စပါးပင်ကို သန်မာစေပြီး ပိုးမွှားဒဏ်ခံနိုင်ရည်တိုးစေသည့် ဆီလီကာဓာတ်နှင့် အစေ့အောင်စေသော ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်သဖြင့် မြေပြင်ချိန် သို့မဟုတ် နောက်ဆုံးထွန်မွှေချိန်တွင် တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၂၀ ခန့်အထိ မြေဆီလွှာပြုပြင်ရန် ထည့်သွင်းအသုံးပြုသင့်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နိုက်ထရိုဂျင်ကျွေးတဲ့အခါ သဘဝမြေသြဇာဖြစ်တဲ့ နွားချေး သစ်ဆွေး မြေးဆွေး ကြက်ချေးတို့နဲ့ဆတူရောပြီးကျွေးရင်အဆင်ပြေ...
ဖြေကြားချက် 2 ခု
စပါး နိုက်ထရိုဂျင်ကျွေးတဲ့အခါတစ်ဧကဘယ်လောက်ကျွေးရမလဲ ဘယ်လိုကျွေးရမလဲ သိချင်ပါတယ်ရှင်ပြပေးပါဦဆရာ
ဖြေကြားချက် 1 ခု
အစေ့ချစိုက်ဘယ်ရက်သားလောက်မှရွေးချက်ပေါင်းသတ်ဆေးဖြန်းသင့်သလဲသိချင်ပါတယ်ဆရာ
ဖြေကြားချက် 1 ခု
Mepiquat Chlorideကို စပါး အပင် အရမ်းထပြီး လဲကျမှာ ဆိုးလို့ ဖုံးတုံးလုံးတုံးဖြစ်နေချိန် ဖျန်းသင့်လား။ (ဖြေကြား...
ဖြေကြားချက် 3 ခု
စပါးအခြောက်ကျဲလယ်တေမာ ပေါင်းအုပ်ဆေး ဘာအမျိုးအစားကို သုံးရမလဲဗျ ္္္
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ